Main menu

မြင်းခြံမြို့တွင် လူသုံးကုန်ထုတ်လုပ်မှုသင်တန်းတွင် သင်တန်းသား၊ သင်တန်းသူများအား အသိပညာပေးဟောပြောဆွေးနွေး

Powered by Drupal

             ၂၈-၉-၂၀၂၅ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန် မြင်းခြံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် မြင်းခြံခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး ကျင်းပပြုလုပ်သည့် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုသင်တန်းတွင် မြင်းခြံခရိုင်စားသုံးသူရေးရာ ဦးစီးဌာန၊ ဒု-ခရိုင်ဦးစီးမှူး ဦးတင်ဇော်ထွေး(ဦးစီးအရာရှိ)က သင်တန်းတက်ရောက်ကြသည့် သင်တန်း သား၊ သင်တန်းသူများကို ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း ၍ သိကောင်းစရာများအား အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          အသိပညာ‌ပေးဆွေးနွေးရာတွင် စားသုံးသူနှင့်စီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပာယ်များ၊ နစ်နာ ဆုံးရှုံးမှု၏အဓိပ္ပာယ်နှင့် ကုန်စည်အမျိုးအစားအလိုက်ထည့်သွင်းဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသား များကို ပြည့်စုံမှန်ကန်စွာထည့်သွင်းဖော်ပြနိုင်ရေးအတွက် လုပ်ငန်းရှင်များ၏ ထုတ်ကုန်ပစ္စည်းများ ပေါ်တွင် မဖြစ်မနေဖော်ပြရန်လိုအပ်သည့် ကုန်အညွှန်းအမှတ်အသားများကို စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉၊ အခန်း (၁၈)တွင် ဖော်ပြထား သော ပြဌာန်းချက်များအတိုင်း ပြည့်စုံစွာဖော်ပြနိုင်ရန်လို အပ်ပါကြောင်း၊ ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသို သိမ်းဆည်းပုံအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓာတ်မတည့် ကြောင်းဖော်ပြချက်နှင့်ကြိုတင်သတိပေးချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခုသို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်းတို့ကို အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်းနှင့် အဆိုပါသင်တန်းသို့ ဌာနဆိုင်ရာမှ ဝန်ထမ်းများနှင့် ပြင်ပသင်တန်းသားများအားလုံး စုစုပေါင်း(၁၇)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

DOCA (မန္တလေး)