
မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ချမှတ်ထားသည့် လုပ်ငန်းလမ်း ညွှန် စည်းကမ်းချက်များအတိုင်း ဆောင်ရွက်ထားမှုရှိ/ မရှိနှင့် စားသုံးသူရေးရာဦးစီးဌာန၏ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ သတ်မှတ်ချက်များ အမိန့်ညွှန်ကြားသတ်မှတ်ချက်နှင့်အညီ ရောင်းချခြင်းရှိမရှိကို ၃.၁၀.၂၀၂၅ ရက်နေ့ နံနက် (၁၀း၀၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် အစားအသောက်ပြုပြင်ချက်ပြုတ်ရောင်းချသည့်နေရာများ သန့်ရှင်းသပ်ရပ်မှုရှိ/ မရှိ၊ စားသောက်ဆိုင်ဝန်ထမ်းများ တစ်ကိုယ်ရည်သန့်ရှင်းမှုရှိ/ မရှိ၊ အစားအသောက်များ လတ်ဆတ်သန့်ရှင်းမှုရှိ/ မရှိနှင့် အစားအသောက်ဈေးနှုန်းများ ကြိုတင်အသိပေး ဖော်ပြထားခြင်းရှိ/ မရှိတို့အား စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
