
ပဲသီးတောင့်သည်ရာသီစာဟင်းသီးဟင်းရွက်မဟုတ်ဘဲ တစ်နှစ်ပတ်လုံးရရှိနိုင်သော အစိမ်း ရောင်ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်သည်။ ရှင်သန်ပေါက်ရောက်ရာ ရေ၊ မြေသဘာဝနှင့်မျိုးစိတ်အပေါ် မူတည်၍ ၁၂လက်မနှင့် ၃၀လက်မအထိရှည်တတ်သည်။ ပဲသီးတွင် ဗီတာမင်အေ၊ ပရိုတင်း၊ သံဓာတ်၊ မီးစုန်း၊ သီအာမင်၊ ရီဘိုပလာဗင်နှင့် ပိုတက်ဆီယမ်တို့ ကြွယ်ဝစွာပါရှိသည့်အပြင် ဗီတာမင်စီ၊ ဖောလိတ်၊ မဂ္ဂနီဆီယမ်နှင့် မဂ္ဂနိစ်တို့စုဝေးရာ အရင်းအမြစ်လည်းဖြစ်သည်။ ထို့ကြောင့် ပဲသီးကိုအားအင်ပြည့်ဝစေ သောအစားအစာတစ်ခုအဖြစ် စားသုံးသင့်ပေသည်။ ကယ်လ်လိုရီနည်းသော အစိမ်းရောင်ဟင်းသီး ဟင်းရွက်ဖြစ်သောကြောင့် ပဲသီးကိုမှန်မှန်စားသုံးပေးခြင်းဖြင့် ခန္ဓာကိုယ်အလေးချိန်ကို လျှော့ချနိုင် သည်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများကြွယ်ဝစွာပါရှိသဖြင့် ကင်ဆာရောဂါအမျိုးမျိုးမှလည်း ကာကွယ် ပေးနိုင်သည့်အပြင် အစိမ်းရောင်ခြယ်ကလိုရိုဖီးဓာတ်မြင့်မားစွာပါ ရှိသည့်အတွက်ကင်ဆာဖြစ်စေ တတ်သောဓာတ်ကိုပိတ်ဆို့ပေးသည်။ အကင်စားသုံးသူများအနေဖြင့်လည်း ပဲသီးဖြင့်တွဲဖက်စားသုံး ပေးခြင်းဖြင့် ကင်ဆာဖြစ်ပွားမှုကိုလျော့ကျစေနိုင်သည်။ ပဲသီးစားသုံးခြင်းဖြင့် အိုမင်းရင့်ရော်မှုကို နှောင့်နှေးစေပြီး အရွယ်တင်နုပျိုစေကာ နှလုံးသွေးကြောနှင့် ဆိုင်သောရောဂါများကိုလည်း ကာကွယ် ပေးနိုင်သည်။ သွေးတိုးရောဂါ၊ အဆစ်ရောင်ဝေဒနာရောဂါ၊ အရိုးပါးရောဂါ၊ လေသင်တုန်းဖြတ်ရောဂါ၊ ဆီးချိုရောဂါ၊ သွေးအားနည်းရောဂါများမဖြစ်အောင် လည်းကာကွယ်ပေးပါသည်။ ကိုယ်ဝန်ဆောင်ရန် အစီအစဉ်ရှိသူများ၊ ကိုယ်ဝန်သည်များနှင့်ကလေး မီးဖွားပြီးသူများအနေဖြင့်ပဲသီးကို နေ့တိုင်းလိုလို စားသုံးပေးသင့်ပါသည်။ ပဲသီးတွင်ပါဝင်သော သဘာဝဗီတာမင်စီသည် ကိုယ်ခံအားစနစ်ကိုကောင်း မွန်စေပြီး အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ကူးဆက်လွယ်သော အအေးမိခြင်း၊ တုပ်ကွေးဖြစ်ခြင်း၊ ရာသီဖျားနာခြင်းတို့မှလည်းကာကွယ်ပေးနိုင်သည်။ ပဲသီးတွင် ဖော့စ်ဖရပ်စ်(ခေါ်) မီးစုန်းဓာတ်ကြွယ်ဝ သဖြင့်သွားရောဂါအမျိုးမျိုးအတွက် ကောင်းကျိုးပြုပေးနိုင်သည့်အပြင် သဘာဝပရိုတင်းဓာတ်များက ကြွက်သားများကို သန်စွမ်းအား ကောင်းစေပြီး ဗီတာမင်အေပါဝင်သောကြောင့် မျက်စိရောဂါအမျိုးမျိုး အတွက် လွန်စွာဆေးဖက်ဝင်သည်။ နာတာရှည်သွေးအားနည်းရောဂါရှိသူများအနေဖြင့်လည်း သံဓာတ် ပါဝင်မှုများသော ပဲသီးကို မကြာခဏစားသုံးပေးသင့်ပါသည်။အချုပ်အားဖြင့်ဆိုသော် ပဲသီး(ခေါ်) ပဲတောင့်ရှည်သည် စားသုံးသူများအတွက် ဘက်ပေါင်းစုံမှဆေးဖက်ဝင်ပြီး ဘေးထွက်ဆိုးကျိုးမရှိစေဘဲ တစ်နှစ်ပတ်လုံး အလွယ်တကူရရှိနိုင်ကာ အာဟာရလည်းဖြစ်စေသောကြောင့် ပဲတောင့်ရှည်ကို စားသုံး ပေးသင့် ပေသည်။ ကျောက်ပန်းတောင်းမြို့ မြို့မစည်ပင်သာယာပျံကျဈေးတွင်ပဲသီးတောင့်ဈေးနှုန်းမှာ တစ်ပိဿာဈေးနှုန်း (၃၅၀၀)ကျပ်၊ဖြင့်အရောင်းအဝယ်ဖြစ်ကြောင်းသိရှိရသည်။
DOCA (မန္တလေး)
