
စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသော ကုန်စည်များကို ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်ရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များကို ဈေးကွက်အတွင်းမှ ပပျောက်စေရေး၊ အရည်အသွေးပြည့်မီသော ဆေးဝါးများသုံးစွဲနိုင်ရေးအတွက် ဓနုဖြူမြို့ရှိ ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်(၈)ဆိုင်အား ၃.၁၀.၂၀၂၅ ရက်နေ့ (၁၀:၃၀) နာရီအချိန်တွင် သက်ဆိုင်ရာဌာနများနှင့် အတူပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ် ကွပ်ကဲရေးကော်မတီအဖွဲ့ဝင်များနှင့် အတူ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူများပူးပေါင်း၍ မြို့နယ်အတွင်း ဆေးဈေးကွက်ဈေးနှုန်း အခြေအနေများကို မေးမြန်းစစ်ဆေးခြင်း၊ ဆေးပြန်လပ်မှု ရှိမရှိစစ်ဆေးခြင်း၊ ကုန်အညွှန်းအမှတ်အသားပါဝင်မှု ရှိ မရှိစစ်ဆေးခြင်း၊ သက်တမ်းလွန်ဆေးဝါးများ ရောနှောရောင်းချခြင်းရှိ/ မရှိကို စစ်ဆေးခြင်း၊ ဆေးနှင့်ဆေးပစ္စည်း ရောင်းချသည့်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပာယ်နှင့်တာဝန်များ၊ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုအပေါ်တာဝန်ရှိမှုအခြေအနေများ၊ ဥပဒေပါ ပြစ်မှုနှင့်ပြစ်ဒဏ်များအား အသိပေးပြောကြားခဲ့ ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
