Main menu

“ ခရမ်းမြို့နယ်၌အောင်ရတနာဆီစက်မှသီတင်းကျွတ်ကာလအတွင်းဒေသထွက်မြေပဲဆီများ အားသက်သာဈေးနှုန်းများဖြင့်ဖြန့်ဖြူးရောင်းချ”

Powered by Drupal

  ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် အောင်ရတနာဆီစက်မှ ဒေသ ထွက်မြေပဲဆီများအား စားသုံးသူများသက်သာသော ဈေးနှုန်းများဖြင့် ဝယ်ယူသုံးစွဲနိုင်စေရန် အတွက် သီတင်းကျွတ်ကာလ အောက်တိုဘာလ(၃)ရက်နေ့မှစ၍ ခရမ်းမြို့နယ်အတွင်း လှည့် လည်ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။

  ခရမ်းမြို့နယ်၊ အမှတ်(၁၁)ရပ်ကွက် အောင်ဇေယျလမ်းရှိ အောင်ရတနာဆီစက်သည် ဒေသထွက်မြေပဲများအား ကြိတ်ခွဲထုတ်လုပ်၍ အောင်ရတနာဆီစက်အမှတ်တံဆိပ်ဖြင့် မြေပဲဆီ ဗူးဆီများအား ဖြန့်ဖြူးရောင်းချလျက်ရှိပြီး၊ FDA လက်မှတ်ရရှိထားပြီး ကုန်အညွှန်းအမှတ်အသား များမြန်မာဘာသာဖြင့် ပြည့်စုံစွာထည့်သွင်းဖော်ပြထားသော ဗူးဆီဖြစ်၍ မြေပဲဗူးဆီများသည် (၅၀)သား၊ (၁)ပိဿာ၊ (၂)ပိဿာ၊ (၃)ပိဿာ၊ (၅)ပိဿာ၊ (၁၀)ပိဿာဗူးများဖြင့် ဒေသအတွင်း ဖြန့်ဖြူးရောင်းချလျက်ရှိပြီး သီတင်းကျွတ်ကာလအတွင်း မြို့နယ်စားသုံးသူများအား သက်သာ သော ဈေးနှုန်းများဖြင့် အောက်တိုဘာ (၃)ရက်နေ့မှ (၅)ရက်နေ့အထိ မြို့နယ်အတွင်း လှည့်လည် ရောင်းချပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)