Main menu

တောင်ဥက္ကလာပမြို့နယ်၊ One Stop Mart သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

  စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မြတ်သက်နိုင်(စစ်ဆေး ရေးအရာရှိ)နှင့်ဝန်ထမ်းများသည် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊  အထွေထွေအုပ်ချုပ်ရေးဦး စီးဌာနတို့ပူးပေါင်း၍ တောင်ဥက္ကလာပမြို့နယ်၊ One Stop Mart သို့ (၈-၁၀-၂၀၂၅) ရက်နေ့ ၊ နံနက်  (၁၁:၃၀) နာရီ အချိန်တွင် သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင် ရွက်ခဲ့ပါသည်။

          ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာတွင် တောင်ဥက္ကလာပမြို့နယ်၊ One Stop Mart များတွင် ရောင်းချလျှက်ရှိသော ယိုးဒယားနိုင်ငံမှတင်သွင်းသည့် ကုန်ပစ္စည်းများနှင့်ပတ်သက်၍ ယခင်အ ပတ်၊ ယခုအပတ်တွင် ရောင်းချနေသောဈေးနှုန်းများကောက်ခံခြင်း၊ ဈေးနှုန်းမြှင့်တက်မှု ရှိ/မရှိ၊ ကုန်ပစ္စည်းကန့်သတ်ရောင်းချခြင်းရှိ/မရှိနှင့် ပစ္စည်းပြတ်လပ်မှုရှိ/မရှိ တို့ကို သွားရောက် စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)