Main menu

(DENKO) စက်သုံးဆီအရောင်းဆိုင်များသို့ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

  ရန်ကုန်အရှေ့ပိုင်းခရိုင်စားသုံးသူရေးရာဦးစီးမှူးရုံးမှဒေါ်လဲ့လဲ့ဌေး(ဒု-ဦးစီးမှူး)နှင့်ဝန်ထမ်း  များသည်(၈-၁၀-၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၃:၀၀)အချိန်တွင် မြောက်ဥက္ကလာပမြို့နယ် (DENKO ) စက်သုံးဆီအရောင်းဆိုင်များသို့သွားရောက်၍  ကွင်းဆင်းစစ်ဆေးခြင်း  ဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့စစ်ဆေးခြင်း ဆောင်ရွက်ရာတွင် ယနေ့ရောင်းဈေးတစ်လီတာလျှင် (92-၂၈၃၀ကျပ်)၊ (95-၂၈၉၅ကျပ်)၊ (HSD-၂၅၄၅ကျပ်)၊ (PHSD-၃၁၁၅ကျပ်)တို့ဖြင့် စက်သုံးဆီအရောင်းဆိုင်များ၏ စက်သုံးဆီရောင်း ချမှုအခြေအနေများ၊ စက်သုံးဆီဈေးနှုန်း၊ စက်သုံးဆီအရည်အသွေး၊ အခြင် အတွယ်မှန်ကန်မှုရှိ/ မရှိ၊ ဆီကားရောက်ရှိမှုအခြေအနေများနှင့် ဆီလက်ကျန်အခြေအနေများ အားစစ်ဆေးမေးမြန်းခြင်းဆောင်ရွက်ခဲ့ပြီး၊ မြို့နယ်အတွင်း စက်သုံးဆီပြတ်လပ်မှုမရှိစေရေးနှင့် စက်သုံးဆီဈေးနှုန်း အဆမတန်မြှင့်တင်ရောင်းချမှုများမရှိစေရေး အသိပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)