
ရှမ်းပြည်နယ်၏ ကြက်သွန်ဖြူစိုက်ပျိုးထုတ်လုပ်ခြင်းသည် ဒေသတွင်းစားသုံးမှုနှင့် ပြည်ပ တင်ပို့မှုအတွက် စိုက်ပျိုးသည်။ အဓိကအားဖြင့် ကျေးလက်ဒေသ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး အတွက် အရေးပါသောသီးနှံတစ်ခုဖြစ်ပြီး ဈေးကွက်ရရှိမှုတို့အတွက် လုပ်ကိုင်ဆောင်ရွက်လျက် ရှိသည်။
သို့ရာတွင် ယခုနှစ်၏ ပြည်ပတင်ပို့မှုအားနည်းသောကြောင့် ရှမ်းကြက်သွန်ဖြူဈေးကွက် အနေဖြင့် ယခင်နှစ်ထက်ဈေးကွက်ဈေးနှုန်းအရ ဈေးနှုန်းကျဆင်းလျက်ရှိကြောင်း ရှမ်းပြည်နယ်မှ ကြက်သွန်ဖြူစိုက်ပျိုးရောင်းချသော တောင်သူများထံမှသိရသည်။ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ တတိယပတ်တွင် လတ်ခြား(၂၆၀၀)ကျပ်၊ ထူး-၁(၅၀၀၀)ကျပ်၊ ထူး-၂(၆၄၀၀)ကျပ်၊ ထူး-၃(၈၄၀၀) ကျပ်၊ ထူး-၄(၁၀၄၀၀)ကျပ်၊ ထူး-၅/လွန်ရော(၁၂၄၀၀)ကျပ်ထိ ဈေးရှိခဲ့သော်လည်း ယခု ၂၀၂၅ ခုနှစ် စက်တင်ဘာလ တတိယပတ်တွင် လတ်ခြား(၁၃၀၀)ကျပ်၊ ထူး-၁(၂၅၀၀)ကျပ်၊ ထူး-၂(၃၂၀၀)ကျပ်၊ ထူး-၃(၄၂၀၀)ကျပ်၊ ထူး-၄(၅၂၀၀)ကျပ်၊ ထူး-၅/လွန်ရော(၆၈၀၀)ကျပ်သာ ဈေးရှိကြောင်းလေ့လာ သိရှိရပါသည်။
DOCA(ရှမ်း)
