Main menu

စိုက်ပျိုးသင့်တဲ့ ငွေနှင်းမှို

Powered by Drupal

   မြန်မာနိုင်ငံရဲ့လတ်တလောခေတ်ကာလအခြေအနေတွေကြားမှာ မှိုစိုက်ပျိုးရေးဟာ တကျော့ ပြန် ခေတ်စားလာပါတယ်၊ တော၊ တောင်တွေ ပြုန်းတီးနေပြီး လူနေအိမ်တွေ များပြားလာတာကြောင့် သဘာဝပေါက်တဲ့မှိုတွေလည်းရှားပါးလာပါတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်၊ ဆယ့်ငါးနှစ်လောက်အထိ ရှမ်း ပြည်နယ်(တောင်ကြီး)မှာ မိုးရာသီဆိုရင် မှိုတွေအမြောက်အမြားထွက်ရှိတာကြောင့်မှိုဈေးတန်း ဆိုပြီး တောင်  မှိုဈေးကွက်ရှိခဲ့ပါတယ် ၊ သဘာဝမှိုကို ရေဆေး၊ အခြောက်လှန်း၊ ဆီသန့်သန့် နဲ့ ကြော်၊ ဗူးသွပ် ပြီး မှိုဆီကြော် (မှို ဆီစိမ်) ဆိုပြီးရောင်းကြပါတယ်၊ အရသာရှိလွန်းပြီး သတ်သတ်လွတ်ဖြစ်တာ ကြောင့် ဝါတွင်း သတ်သတ်လွတ်စားသူများ၊ ဘာသာရေးအရ သတ်သတ်လွတ် အမြဲစားတဲ့ တရုတ်လူ မျိုးတွေအကြိုက်တွေ့တာကြောင့်ဈေးကောင်းရတဲ့အစားအသောက်အဖြစ်လူကြိုက်များပါတယ်။

အခုတော့သဘာဝမှိုတွေရှားပါးလာတာကြောင့်စိုက်ပျိုးရေးမှိုတွေကအစားဝင်ရောက်လာပါ တယ်၊မှိုအမျိုးမျိုးရှိတဲ့အထဲကမှငွေနှင်းမှိုတွေကစိုက်ပျိုးရလွယ်ကူမှု၊စားစရာလက်တစ်ကမ်းရရှိမှုတွေ ကြောင့်တပိုင်တနိုင်စိုက်ပျိုးသူတွေအတွက်စိတ်ဝင်စားစရာမှိုတစ်မျိုးဖြစ်လာခဲ့ပါတယ်။

ငွေနှင်းမှိုမှာ သဘာဝအလေ့ကျပေါက်တဲ့ မှိုမျိုးနွယ်တစ်ခုဖြစ်၍၊   Basidiomycota အုပ်စုထဲမှာ ပါဝင်ပြီးဒီအုပ်စုကတော့မှိုမျိုးနွယ်တွေထဲမှာစားကောင်းတဲ့ မှိုအများဆုံးပါဝင်နေတဲ့အုပ်စုဖြစ်ပါ တယ်၊ လက်တွေ့စမ်းသပ်မှုကိုတော့ဂျာမနီလူမျိုးဖလက်ဆိုသူက ပထမကမ္ဘာစစ်အတွင်းမှာစတင် ခဲ့တာ လို့ သိရပါတယ် ၊စစ်ဖြစ်နေတဲ့ကာလတွေအတွက် ငွေနှင်းမှိုက အဆင်ပြေတဲ့စားစရာတစ်ခုဖြစ်ခဲ့ပြီး  ယခု ကမ္ဘာအနှံ့မှာ စိုက်ပျိုးထုတ်လုပ်နေကြပြီဖြစ်ပါတယ်။

ငွေနှင်းမှိုကို အပူချိန် ၂၀-၃၀ ဒီဒရီ နဲ့ စိုထိုင်းစ ၅၅-၇၀ ရာခိုင်နှုန်းအထိရှိနေတဲ့ နေရာတွေမှာ စိုက်ပျိုးနိုင်ပါတယ်၊ ပူတဲ့ အချိန်တွေမှာဆိုရင်ဆိုရင်တော့ စိုထိုင်းဆကို ပိုပေးပြီး စိုက်နိုင်ပါတယ်၊ယနေ့ ခေတ်မှာဆိုရင် ငွေနှင်းမှိုဟာ တတိယမြောက် ကမ္ဘာ့စိုက်ပျိုးရေးထုတ်လုပ်မှုအမြင့်ဆုံးမှိုု တစ်မျိုးဖြစ် နေပါတယ်၊တရုတ်နိုင်ငံမှာဆိုရင်စိုက်ပျိုးထုတ်လုပ်မှု၈၈ရာခိုင်နှုန်းရှိပြီးအများဆုံးဖြစ်တယ်လို့ လည်း သိရှိရပါတယ်၊စီးပွားရေးအရ အကျိုးအမြတ် ဖြစ်ထွန်းတဲ့အပြင် ၄၅ရက်၊တစ်သုတ်ထုတ်လုပ် နိုင်တာ ကြောင့်ဝယ်လိုအား၊ရောင်းလိုအားတွေကို ချိန်ညှိနိုင်တဲ့ သီးနှံတစ်ခုလည်းဖြစ်နေပါတယ်၊ စာတွေ့အရ ၄၅ရက်တစ်သုတ်ဆိုပေမဲ့စိုက်ပျိုးပြုစုသူရဲ့ကျွမ်းကျင်မှုအလိုက်သက်တမ်းအတိုး၊အလျော့လည်း ပြု လုပ်နိုင်ပါသေးတယ်၊ပြုစုစောင့်ရှောက်ပုံမှာလွယ်ကူရိုးရှင်းပြီးလေဝင်လေထွက်အသင့်တင့်ရှိတဲ့အခန်  တစ်ခန်းပဲလိုအပ်တယ်လို့သိရပါတယ်၊အခုအခါမှာသဘာဝမှိုမှာရှားပါးပြီးဈေးနှုန်း လည်းကြီး တာ ကြောင့် ငွေနှင်းမှိုတွေက  ဈေးကွက်မှာ ကျယ်ကျယ်ပြန့်ပြန့်  နေရာ ယူလာ ပါတယ် ၊သဘာဝမှိုကြော် လောက်နီးနီးအရသာလည်းရှိတာကြောင့်မှိုဆီကြော်တွေကိုလည်း ငွေနှင်းမှို တွေနဲ့ကြော် ပြီး ရောင်း လာကြသလိုနှုန်းကလည်းသင့်တင့်တာကြောင့်ဈေးကွက်မှာလည်းအတော်ကိုတွင်ကျယ်လာကြောင်း  တွေ့ရှိရပါတယ် ၊ရှမ်းပြည်နယ်(တောင်ကြီး) မှာတော့ ငွေနှင်းမှိုကိုဈေးကွက်၌ တွင်တွင်ကျယ်ကျယ် ရောင်းဝယ်လာပါတယ်။ စားသောက်ဆိုင်များမှာ လည်း စားသုံးမှုများလာသလို မှိုဆီကြော် အဖြစ် တပိုင်တစ်နိုင်စီးပွားရေးအဖြစ်ပြုလုပ်လာကြတာကြောင့် ဈေးကွက်ဝင် အစား အစာ ဖြစ်လာပါတယ်။ ရှမ်းပြည်နယ်(တောင်ကြီး)မှာ ငွေနှင်းမှို တစ်ပိသာကို၁၆၀၀၀ိ/- ကျပ်ဈေးရှိပြီး၊ မှိုဆီကြော်ကတော့ တစ်ပိဿာကို၅၅၀၀ဝိ/-၆၀၀၀ဝိ/-ကျပ်ဝန်းကျင်ခန့်ရှိပါတယ်၊သို့ဖြစ်ပါ၍ငွေနှင်းမှိုမှာမြို့ပြနဲ့  ကျေး လက်မှာရှိတဲ့အမျိုးသမီးတွေအတွက်၊အိုးမကွာ၊အိမ်မကွာ၊ဝင်ငွေဖန်တီးပေးနိုင်တဲ့ သီးနှံတစ်မျိုးဖြစ်လို့ စိုက်ပျိုးသင့်တဲ့   သီးနှံတစ်မျိုးဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

DOCA(ရှမ်း)