Main menu

တောင်သာဈေးကွက်အတွင်းမိုးနှမ်းများဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း

Powered by Drupal

           တောင်သာမြို့နယ်အတွင်း ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် မိုးနှမ်းသီးနှံကို အင်းတဲရွာ၊ လက်ပံတောရွာ၊ မကြီးချိုရွာ၊ ဆည်ကုန်းရွာ၊ ထန်းပင်ကန်ရွာ၊ ကျောက်ကုန်းရွာ၊ မကြီးချိုရွာ၊ သာယာအေးရွာနှင့် လက်ပန်တောရွာ တို့တွင်အများဆုံးစိုက်ပျိုးကြောင်း၊ တောင်သာမြို့နယ်အတွင်း ၂၀၂၆-၂၀၂၇ခုနှစ်၊ မိုးနှမ်းစိုက်ဧက (၄၆၆၀၃)ဧကအနက် ရိတ်သိမ်းဧက (၉၅၇၃)ဧက ရိတ်သိမ်းခဲ့၍ ကျန်ဧကများ ဆက်လက်ရိတ်သိမ်းဆဲဖြစ်ကြောင်း မြို့နယ်မြေစာရင်းဦီးစီးဌာန ၏စာရင်းများ အရသိရသည်။ မိုးနှမ်းများကို မေလနှင့် ဇွန်လတို့တွင် စတင်စိုက်ပျိုးပြီး ဇူလိုင်လ၊ ဩဂုတ်လတို့တွင် စတင်ရိတ်သိမ်းထွက်ပေါ်ကြောင်း သိရှိရသည်။ မိုးနှမ်းတစ်ဧက ကုန်ကျစရိတ် အနေဖြင့်မျိုး၊ မြေပြုပြင်ခြင်း၊ သွင်းအား၊ လုပ်သားခ စုစုပေါင်း (၆၃၀၀၀၀) သိန်းခန့်ကုန်ကျကြောင်း၊ တစ်ဧကအထွက်နှုန်းအနေဖြင့် (၇-၈)တင်းခန့် ထွက်ရှိကြောင်းသိရှိရသည်။

             တောင်သာဈေးကွက်အတွင်း မြို့ပေါ်ရှိပွဲရုံများ၌ တစ်ပတ်လျှင် အိတ်(၄၀၀)ခန့် ဝင်ရောက်လျက်ရှိပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ တင်ပို့ မန္တလေးသို့ တင်ပို့ရောင်း ချရကြောင်း သိရပါသည်။ ၂၀၂၆ခုနှစ်၊ ဩဂုတ်လနောက်ဆုံးပတ်တွင် နှမ်းညိုတစ်တင်းလျှင် (၁၂၀၀၀၀-၁၂၅၀၀၀) ကျပ်၊ နှမ်းဖြူ တစ်တင်းလျှင် (၁၃၈၀၀၀-၁၄၀၀၀၀) ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း  ယခင်တစ်ပတ်နှင့်  နှိုင်းယှဉ်ပါက နှမ်းညိုတစ်တင်းလျှင် (၄၀၀၀-၅၀၀၀)ကျပ်၊ နှမ်းဖြူတစ်တင်းလျှင် (၈၀၀၀-၁၀၀၀၀) ကျပ်ခန့် ဈေးနှုန်းမြင့် တက်လာကြောင်း၊ ထိုသို့ ဈေးနှုန်းမြင့်တက်လာခြင်းမှာ နယ်ဈေးကွက်၌ နှမ်းများအဝယ်လိုက်လာ၍  ဝယ်လိုအားမြင့် တက်လာခြင်းကြောင့် ဈေးနှုန်းမြင့်တက်လာခြင်းဖြစ်ကြောင်း၊ ဒေသတွင်းထွက်ပေါ်သော မိုးနှမ်းများကို  မြင်းခြံမြို့၊ မိတ္ထီလာမြို့နှင့် ရန်ကုန်မြို့သို့ တင်ပို့ရောင်းချကြောင်း တောင်သာပွဲရုံများမှ သိရှိရသည်။

DOCA(မန္တလေး)