
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ မြို့မဈေးတွင် အသား/ငါးများ၊ သစ်သီးဝလံများ ၊ အသီးအရွက်များရောင်းချလျက်ရှိရာ ရာသီစာထောပတ်သီးများ ဈေးကွက်အတွင်းရောင်းချ နေကြောင်း တွေ့ရှိရပါသည်။ ထောပတ်သီးများကို တောင်ကြီး၊ အောင်ပန်း၊ ကလော စသည့်မြို့များ မှ သယ်ယူရောင်းချသလို ဒေသထွက်အသီးများကိုလည်း ရောင်းချနေကြောင်း သိရှိရပါသည်။
ထောပတ်သီးဈေးနှုန်းများမှာ အသေး(၁)လုံးလျှင် (၅၀၀)ကျပ်မှ (၈၀၀)ကျပ်အထိရှိပြီး၊ အကြီး(၁)လုံးလျှင် (၁၀၀၀)ကျပ်မှ (၁၅၀၀)ကျပ်အထိ ရောင်းချကြကြောင်း သိရှိရပါသည်။ Hass သီး (1)kgလျှင် (၅၀၀၀)ကျပ်မှ (၇၀၀၀)ကျပ်အထိရှိပြီး ဈေးကွက်အတွင်း ရောင်းချလျက်ရှိကြောင်း တွေ့ရှိရပါသည်။
DOCA(ရှမ်း)
