
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း မိုးစပါးရိတ်သိမ်းလာမှုများကို တွေ့ရှိလာရပြီး၊ အောက်တိုဘာလ(၁၅)ရက်နောက်ပိုင်းတွင် ဖြိုင်ဖြိုင်ရိတ်သိမ်းလာနိုင်မည့် အနေအထားများရှိနေပါ သည်။ မိုးရွာသွန်းမှုအားကောင်းနေလျှင် တောင်သူများအနေဖြင့် ရိတ်သိမ်းရန်ရက်ရွှေ့ဆိုင်းမှုများ ရှိလာနိုင်ပါသည်။ လက်ရှိရိတ်သိမ်းနေမှုများအား ဝယ်ယူမှုတွင် အခြောက်ခံစက်ရှိ ဆန်စက်ကြီးများ မှ ဝယ်ယူနေမှုကို တွေ့ရပါသည်။ စပါးသိုလှောင်သူများအနေဖြင့် ဝယ်ယူမှုမရှိသေးသည်ကို သိရှိရပါ သည်။ ဆန်စက်ကြီးများမှဝယ်ယူကြိတ်ခွဲပြီး ရန်ကုန်ဈေးကွက်သို့တင်ပို့မှုရှိနေသည်ကို သိရှိရပါ သည်။ မိုးစပါးသစ် ကြိတ်ခွဲတင်ပို့မှုနှင့်အတူ နွေစပါးကြိတ်ခွဲမှုများပါ တွေ့ရှိလာရပြီး၊ ရန်ကုန်ဈေး ကွက်သို့ တင်ပို့မှုရှိခဲ့သည်ဟု သိရှိရပါသည်။
စပါးဈေးနှုန်းဖြစ်ပေါ်မှုတွင် မိုးစပါးသစ် မနောသုခ အစို(၁၅)ပိဿာ တစ်တင်းလျှင် ကွင်းဈေး (၁၂၅၀၀)ကျပ်ရှိနေပြီး၊ အခြားကုန်ကျစရိတ်များနှင့် ပေါင်းလျှင် တစ်တင်းကုန်ကျစရိတ် (၁၄၅၀၀) ကျပ်ခန့်ရှိနေသည်ဟု သိရပါသည်။ တောင်သူလက်ဝယ်ကျန်ရှိနေသော မိုးစပါး(ဟောင်း)များ ဝယ် ယူရာတွင် အရည်အသွေးကောင်း မနောသုခစပါး (၁၄)ပိဿာ တစ်တင်းလျှင် (၂၀၀၀၀)ကျပ် ရှိနေ သည်ကို သိရှိရပါသည်။
DOCA(နေပြည်တော်)
