Main menu

ပေါင်မြို့နယ်၌ မဲစာရင်းကပ်ထားသည့်‌နေရာများအား တာဝန်ရှိသူများမှ လိုက်လံ ကွင်းဆင်းစစ်ဆေး

Powered by Drupal

   မွန်ပြည်နယ်၊ ‌ပေါင်မြို့နယ်၌ ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲလုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် မဲစာရင်းများ ကပ်ထားသည့်နေရာများကို ၁.၁၀.၂၀၂၅ နံနက်ပိုင်းက သတ်မှတ်ရပ်ကွက်/ကျေးရွာများသို့ တာဝန်ရှိသူများ မှ လိုက်လံကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးထင်လင်း‌အောင်နှင့် အဖွဲ့ဝင်များသည် သတ်မှတ်ရပ်ကွက်/ကျေးရွာများအလိုက် ကွင်းဆင်း ကြည့်ရှုစစ်ဆေးကြပြီး မဲစာရင်းများအား သတ်မှတ်ရက်များအတွင်း ကပ်ထားနိုင်ရေး၊ မဲစာရင်းတွင်မပါဝင်သူများအား ပုံစံ(၃)ဖြင့် လျှောက်ထားနိုင်‌ရေး၊ မပါဝင်သင့်သူများပါဝင် နေပါက ပုံစံ(၄)ဖြင့် ကန့်ကွက်ခြင်းနှင့် နေရပ်စွန့်ခွာပြည်သူများ ဆန္ဒမဲပေးနိုင်ရေး အခြေအနေ များကို စနစ်တကျဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။ပေါင်မြို့နယ်အနေဖြင့် မြို့‌ပေါ်ရပ်ကွက်(၄)ခုနှင့် ကျေးရွာအုပ်စုများတွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ လူဦးရေ စုစုပေါင်း (၁၀၇၀၄၉) ဦး ရှိပြီး လျာထားမဲရုံပေါင်း (၉၀) ရုံရှိကြောင်း သိရသည်။

DOCA (မွန်)