Main menu

ချောက်မြို့၌ စားသုံးသူကာကွယ်ရေးအသိပညာပေး (Talk Show) ကျင်းပ

Powered by Drupal

   မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ စားသုံးသူရေးရာအသိပညာ ပေး (Talk Show) ကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၂.၁၀.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။

          အဆိုပါ အသိပညာပေး (Talk Show) တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန ဦးစီးအရာရှိ ဒေါ်သိမ့်ဝါက စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ မေးမြန်းဆွေးနွေးမှုများအပေါ် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးက စားသုံးသူကာကွယ်ရေး ဥပဒေပါ အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ စားသုံးသူအခွင့်အရေးများနှင့် တာဝန်များ၊ ကုန်စည်/ဝန်ဆောင်မှု နှင့် စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူတောင်းဆိုနိုင်သည့် အခွင့်အရေးများ၊ အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ၊ ဆောင်ရွက်ပေးသည့် အခြေအနေများကို အသေးစိတ်ရှင်းလင်းဆွေး နွေးခဲ့ကြောင်း သိရသည်။

DOCA( မကွေး)