Main menu

ကန်ဇွန်းရွက်နှင့် ဂွေးတောက်ရွက်ဈေးနှုန်း

Powered by Drupal

       ကျွန်းလှမြို့နယ်ရှိ ကျေးရွာများတွင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိရာ စားဖို ဆောင်သီးနှံဖြစ်သည့် ပဲတောင့်ရှည်သီး၊ ချဉ်ပေါင်ရွက်၊ ဆူးပုတ်ရွက်၊ ရုံးပတီသီး၊ ခရမ်းသီး နှင့်  ကန်ဇွန်းရွက်များကို စိုက်ပျိုးလျက်ရှိသည့်အနက် ကန်ဇွန်းရွက်ကိုလည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုး၍ ရောင်းချလျက်ရှိကြောင်း သိရသည်။

          စက်တင်ဘာလ စတုတ္ထပတ်အတွင်း ရောင်းချနေသော ကန်ဇွန်းရွက် ဈေးနှုန်းများမှာ ကန်ဇွန်းရွက်  တစ်စီးလျှင်(၁၀၀)ကျပ်၊ (၃)စီးလျှင်(၂၀၀)ကျပ် တို့ဖြင့်လည်းကောင်း၊ ဂွေးတောက်ရွက် ဈေးနှုန်းမှာ လက္ကား()ပိဿာလျှင်(၁၈၀၀)ကျပ်၊လက်လီ()ပိဿာလျှင်(၂၀၀၀)ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်းသိရသည်။

DOCA (စစ်ကိုင်း)