Main menu

ကင်ပွန်းရွက်နှင့် ချဉ်ပေါင်ရွက်ဈေးနှုန်း

Powered by Drupal

     ကျွန်းလှကျေးရွာများတွင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိရာ စားဖို ဆောင်သီးနှံ ဖြစ်သည့် ပဲတောင့်ရှည်သီး၊ ချဉ်ပေါင်ရွက်၊ ကင်ပွန်းချဉ်ပင်၊ ရုံးပတီသီး၊ ခရမ်းသီးနှင့် ကန်ဇွန်းရွက်များကို စိုက်ပျိုးလျက်ရှိသည့်အနက် ကင်ပွန်းချဉ်ရွက်ကိုလည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြပြီး ရောင်းချလျက်ရှိ ကြောင်း သိရသည်။

          စက်တင်ဘာလ စတုတ္ထပတ်အတွင်း ရောင်းချနေသော ကင်ပွန်းချဉ်ရွက် ဈေးနှုန်းများမှာ ကင်ပွန်းချဉ်ရွက် တစ်စီးလျှင်(၂၅၀)ကျပ်၊ (၂)စီးလျှင် (၅၀၀)ကျပ် နှင့် (၁၀)စီးတစ်ထုံးလျှင်(၂၃၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် လည်းကောင်း၊  ချဉ်ပေါင်ရွက် ဈေးနှုန်းများမှာ ချဉ်ပေါင်ရွက်()ပိဿာလျှင်(၁၂၀၀)ကျပ်၊ ချဉ်ပေါင်ရွက်(၅၀)ကျပ်သားလျှင်(၆၀၀)ကျပ် နှင့် (၂၅)သားလျှင်(၃၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး ယခင်အပတ်ထက် ဈေးနှုန်း(၂၀၀) ကျပ်မြင့်တက်လျက်ရှိကြောင်း သိရသည်။

DOCA (စစ်ကိုင်း)