Main menu

သီတင်းကျွတ်အတွက် ရောင်စုံဖယောင်းတိုင်ဈေးကွက်

Powered by Drupal

   မြန်မာတို့၏ ဆယ့်နှစ်လရာသီပွဲတော်များတွင် သီတင်းကျွတ်မီးထွန်းပူဇော်ပွဲသည် အစည်း ကားဆုံးဖြစ်သည်။ ဘုရား၊ စေတီ၊ ပုထိုးကျောင်းကန်များ၊ လမ်းများ၊ အိမ်များတါင် ဆီမီးထွန်းညှိ ပူဇော်ကြပါသည်။ ခေတ်ကာလ တဖြည်းဖြည်းရွေ့လျောလာသောအခါ မီးထွန်းပွဲတော်များကို ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပြောင်းလဲကျင်းပလာကြပါသည်။ သီတင်းကျွတ်အခါသမယမှာ ဆီးမီး မြိုင်မြိုင်ပူဇော်နိုင်ဖို့ ရောင်တော်စဉ်နဲ့ ထွန်းညှိဖို့ အထွန်းခံဖယောင်းတိုင် ကုန်ကြမ်းဈေးလေး အနည်းငယ်တက်သွားသည့်အတွက် ဖယောင်းတိုင် ဈေးလေးပါ အနည်းငယ်တက်သွားပေမဲ့ လူသုံး ကုန် ဈေးကွက်အတွင်း ဖယောင်းတိုင်များ ဈေးကောင်းနေပြီး ထုတ်လုပ်သည့်လုပ်ငန်းရှင်များလည်း ရောင်းအားတက်နေကြောင်း ဖယောင်းတိုင်လုပ်ငန်းလုပ်ငန်းရှင်များနှင့် ကုန်မျိုးစုံပစ္စည်းအရောင်း ဆိုင်ပိုင်ရှင်များထံမှ သိရှိရပါသည်။ ရောင်စုံဖယောင်းတိုင်အသေးတစ်ထုပ်လျှင် ယခင်က ကျပ် (၇၅၀) မှ ယခင် သီတင်းကျွတ် ကာလတွင် ရောင်စုံဖယောင်းတိုင် အသေးတစ်ထုပ်လျှင် ကျပ် (၉၀၀) ၊ အနီရောင်သတ်သတ်၊ အဝါရောင်သတ်၊ အဖြူရောင်သတ်သတ်၊ ရွှေရောင်၊ ငွေရောင်၊ အစိမ်းရောင်သတ်သတ်ချည်းပါသည့် (၂၁) ချောင်းပါ ဖယောင်းတိုင် တစ်ထုတ်လျှင် ကျပ် (၁၂၀၀)၊ ဓါတုဖယောင်းတိုင် အလတ် အချောင်း(၅၀) ပါတစ်ထုတ်လျှင် ကျပ် (၃၅၀၀)၊ ငါးချောင်းပါ ဖယောင်းတိုင်အလတ်အမျိုး အစားတစ်ထုတ်လျှင် ကျပ် (၁၅၀၀)၊ ငါးချောင်းပါ ဖယောင်းတိုင်အကြီး တစ်ထုတ်လျှင် ကျပ် (၂၅၀၀)၊ အလှရောင်စုံဖယောင်းတိုင်များမှာ ဒီဇိုင်းကို လိုက်ပြီး အကြီးအသေးဆိုဒ်ပေါ်မူတည်၍ အနည်းဈေးမှာ တစ်တိုင်လျှင် ကျပ် (၁၀၀၀) မှ ကျပ် (၁၀၀၀၀) အထိရှိပြီး ဘုရားဆီးမီး ပူဇော်မည့် သူများအနေဖြင့် စိတ်ကြိုက်ဝယ်ယူ ပူဇော်နိုင်ကြ ပါသည်။ လက်ရှိကာလတွင် ဖယောင်းတိုင်မှာ ဝယ်လိုအားကောင်းနေပြီး ဈေးကွက်လိုအပ်ချက် မြင့်မားနေကြောင်း သိရှိရပါသည်။ သီတင်းကျွတ်အတွက် ရောင်စုံဖယောင်းတိုင်ဈေးကွက်အနေဖြင့် ဈေးနှုန်းအနည်းငယ်မြှင့်တက်လာသော်လည်း အရောင်းအဝယ်သွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)