Main menu

ဝယ်လိုအားများမြင့်တက်နေသဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အာလူးစျေးများ ၁ ကီလိုလျှင် tk 20  အထိ ကျဆင်းလျက်ရှိ

Powered by Drupal

    ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်ဝှမ်းအာလူးစျေးသည် စက်တင်ဘာလက ၁ ကီလိုလျှင် tk ၂၅ ဖြင့် ရောင်းချလျက်ရှိသော်လည်း ယခုလတွင် ၁ ကီလိုလျှင် tk ၂၀ အောက်သို့ ကျဆင်းခဲ့ပြီး အစိုးရဘက် မှ ‌စျေးကွက်တွင် ညစ်ညမ်းစေသည့်တိုင် လယ်သမားများက အရှုံးပေါ်ခဲ့ကြောင်း သိရပါသည်။ ထို့အပြင် စတော့ကိုင်ဆောင်သူများက အစိုးရ၏ လုပ်ရပ်များအပေါ် ဝေဖန်မှု များရှိခဲ့ကြောင်း သိရပါသည်။ ကုန်သွယ်ရေးသမားနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်ရေး (TCB) ၏ အချက်အလက်များအရ လက်ရှိတွင် အာလူးတစ်ကီလိုလျှင် tk ၁၈ မှ tk ၂၅ ဖြင့်သာ ရောင်းချ လျက်ရှိကြောင်းနှင့် ယခင်က အာလူး ၁ ကီလိုလျှင် tk ၂၀ မှ tk ၂၅ ဖြင့် ရောင်းချလျက်ရှိရာမှ ကျဆင်းခဲ့ကြောင်း သိရပါသည်။ ယခင်နှစ်တွင် အာလူး ၁ ကီလိုလျှင် tk ၅၀ မှ tk ၆၀ ဖြင့် ရောင်းချ လျက်ရှိကာ ယခုနှစ်တွင် ၆၁ ရာခိုင်နှုန်းခန့် စျေးနှုန်းကျဆင်းခဲ့ကြောင်း သိရပါသည်။ လက်ကား စျေးကွက်တွင် အာလူး ၁ ကီလိုလျှင် tk ၁၁ မှ tk ၁၂ အထိ ရောင်းချလျက်ရှိကြောင်း သိရပါသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ယခင် ရိတ်သိမ်းရာသီတွင် အာလူးတန်ချိန်ပေါင်း ၁.၁၅ ကုဋေခန့် ထုတ်လုပ်နိုင်ခဲ့ပြီး တစ်နိုင်ငံလုံး ဝယ်လိုအားထက် တန်ချိန်ပေါင်း ၉၀ သိန်းခန့် ‌ကျော်လွန်ခဲ့ ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ စာရင်းအင်းဗျူရို (BBS) ၏ထုတ်ပြန်ချက်များအရ သိရပါသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ဘဏ္ဍာနှစ် ၂၀၂၄-၂၀၂၅ တွင် အာလူးတန်ချိန် ၆၂၀၀၀ တန်ခန့်ကို အအေး ခန်းထုတ်ပိုးမှုဖြင့် တင်ပို့မှုများရှိခဲ့ကြောင်း သိရပါသည်။ ယခင်ရာသီ အစတွင် လယ်သမားများ သည် ကုန်သည်များထံမှ အာလူးများကို အစိုးရခန့်မှန်းချက် ၁ ကီလိုလျှင် tk ၁၄ ထက် လျော့နည်းကာ ၁ ကီလိုလျှင် tk ၁၁ ဖြင့်သာ ဝယ်ယူရန် တွန်းအားပေးခြင်းခံခဲ့ရကြောင်း အစိုးရ အချက်အလက်များအရ သိရပါသည်။ သို့ရာတွင် TCB မှ ဥက္ကဌ ဆိုသူ Brig Gen Mohammad Foyshol Azad က ဘင်္ဂလားဒေ့ရှ်အစိုးရသည် အာလူးများကို ယခုလ အကုန်မှစတင်၍ စျေးကောင်း ပေး၍ ဝယ်ယူသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

Source: The Daily Star                                                              

DOCA (ရန်ကုန်)