
တောင်ငူမြို့ရှိ မြို့မဈေးလမ်းရှိ ကြက်သွန်ပွဲရုံများတွင် ယခင်လက ကြက်သွန်ဖြူ အသေး (၁) ပိဿာ ၃၀၀၀ ကျပ်၊ အလတ် (၁) ပိဿာ ၄၀၀၀ ကျပ်၊ အကြီး (၁) ပိဿာ ၅၀၀၀ ကျပ် အသီးသီးဈေးနှုန်းရှိသော်လည်း ယခုအောက်တိုဘာလဒုတိယအပါတ်တွင် အသေး(၁) ပိဿာ ၂၂၀၀ ကျပ်၊ အလတ်(၁) ပိဿာ ၃၅၀၀ ကျပ်၊ အကြီး (၁) ပိဿာ ၄၀၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ် ကျဆင်းလာပြီး ကြက်သွန်နီ မှာ ယခင်အပါတ်က အသေး(၁) ပိဿာ ၈၀၀ ကျပ်၊ အလတ်(၁) ပိဿာ ၁၂၀၀ ကျပ်၊ အကြီး (၁) ပိဿာ ၁၅၀၀ ကျပ် ဈေးရှိသော်လည်း ယခုအောက်တိုဘာလ ဒုတိယ အပါတ်တွင် အသေး(၁) ပိဿာ ၆၀၀ ကျပ်၊ အလတ်(၁) ပိဿာ ၉၀၀ ကျပ် ၊ အကြီး(၁) ပိဿာ ၁၂၀၀ ကျပ်ထိ ဈေးနှုန်းကျဆင်းလျက်ရှိသည်။
ချင်း(ဂျင်း)တက် ဈေးနှုန်းမှာ ယခင်အပါတ်က (၁) ပိဿာ ၃၈၀၀ ကျပ်မှ ၄၀၀၀ကျပ် ရှိသော်လည်း ယခုအောက်တိုဘာလဒုတိယအပါတ်တွင် (၁) ပိဿာ ၃၀၀၀ ကျပ်၊ ၃၅၀၀ ကျပ် ထိဈေးနှုန်း ကျဆင်း လာပြီး ကြက်သွန်ဖြူ နှင့် ဂျင်းတက်မှာ (၃) ပိဿာ နှင့် အထက် ၊ ကြက်သွန်နီမှာ ၁၀ ပိဿာ အိတ် ဝယ်ယူပါက ဈေးနှုန်းအပြောင်းအလဲရှိကြောင်း ရောင်းချသည့် ပွဲရုံများမှ သိရှိပါသည်။
DOCA(ပဲခူး)
