Main menu

အိန္ဒိယ၏ IndiGo သည် ကမ္ဘောဒီးယားသို့ တိုက်ရိုက်ပျံသန်းမှုကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက် တွင်စတင်မည်

Powered by Drupal

      အိန္ဒိယနိုင်ငံ၏ အကြီးဆုံးနှင့် လူကြိုက်အများဆုံး ခရီးသည်တင်လေကြောင်းလိုင်း ဖြစ်သည့် Indigo လေကြောင်းလိုင်းသည် Kolkata (ကာလကတ္တား)နှင့် Siem Reap ပြည်နယ် အကြား တိုက်ရိုက်ပျံသန်းခြင်းဝန်ဆောင်မှုများကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့တွင် စတင်မည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ Indigo သည် ၎င်း၏ Airbus A320neo လေယာဉ်ကို အသုံးပြု၍ တစ်ပတ်လျှင် သုံးကြိမ် ပျံသန်းဝန်ဆောင်ပေးမည်ဖြစ်ကြောင်း ကုမ္ပဏီမှ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ Indigo ၏အမှုဆောင်အရာရှိချုပ် Pieter Elbers က အဆင်ပြေသော ဗီဇာစည်းမျဉ်းများနှင့် ကုန်သွယ်မှုများ တိုးပွားလာခြင်းကြောင့် နှစ်နိုင်ငံကြား ခရီးသွားလာရေး လိုအပ်ချက် မြင့်တက်လာခြင်းနှင့်အတူ အဆိုပါ လေယာဉ်ခရီးစဉ်သည် ခရီးသွားလုပ်ငန်းကို မြှင့်တင်ရုံသာမက နှစ်နိုင်ငံ ယဉ်ကျေးမှုဖလှယ်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအတွက် လမ်းကြောင်းသစ်များ ဖွင့်လှစ်ပေးမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ Indigo သည် ပြည်တွင်းနှင့် နိုင်ငံတကာ ခရီးစဉ်ပေါင်း ၁၂၀ ကျော်ကို ဝန်ဆောင်မှုပေးနေသည့် ကမ္ဘာ့အကြီးဆုံးလေကြောင်းလိုင်းများထဲမှ တစ်ခုဖြစ်ကြောင်း Pieter Elbers က ဆက်လက်ပြောကြားခဲ့သည်။

Source: Khmer Times 

DOCA (ရန်ကုန်)