
တောင်ကိုရီးယားနိုင်ငံ၏ ဆန်ထွက်ရှိမှုသည် စိုက်ပျိုးမြေလျော့ကျမှုကြောင့် ယခုနှစ်တွင် ၀.၃ ရာခိုင်နှုန်း ကျဆင်းမည်ဟု ခန့်မှန်းထားကြောင်း စာရင်းအင်းရုံး၏ အောက်တိုဘာလ ၂ ရက်နေ့တွင် ထုတ်ပြန်သော အချက်အလက်များအရ သိရှိရပါသည်။
တောင်ကိုရီးယားလူမျိုးများအတွက် အဓိကအစားအစာဖြစ်သော ဆန်တန်ချိန်၃၅၇၄၀၀၀ ကို ၂၀၂၅ ခုနှစ်တွင် ထုတ်လုပ်နိုင်မည်ဟု အချက်အလက်နှင့်စာရင်းအင်းဝန်ကြီးဌာနက ပြောကြားခဲ့ ပါသည်။
ယခင်နှစ်တန်ချိန် ၃၅၈၅၀၀၀ နှင့်နှိုင်းယှဉ်ပါက ၀.၃ ရာခိုင်နှုန်းခဲ့ပြီး လေးနှစ်ဆက်တိုက် ကျဆင်းခြင်းဖြစ်ပါသည်။
တောင်ကိုရီးယားနိုင်ငံ၏ စပါးစိုက်ပျိုးမြေ အရွယ်အစားသည် ၂၀၂၅ ခုနှစ်တွင် ၆၇၈၀၀၀ ဟက်တာ သို့ရောက်ရှိခဲ့ပြီး ၂.၉ ရာခိုင်နှုန်း ကျဆင်းခဲ့ပါသည်။ နိုင်ငံအတွင်း ဆန်စားသုံးမှုသည် စားသောက်မှု အလေ့အထများပြောင်းလဲခြင်းကြောင့် ဆယ်စုနှစ်အတွင်း ကျဆင်းလျက်ရှိပါသည်။
ဆန်ထုတ်လုပ်မှုသည် ဆန်စားသုံးမှုနှင့် ပြုပြင်ထုတ်လုပ်ခြင်းအပြင် အစိုးရ၏ ဆန်သို လှောင်မှုများအပါအဝင် မျှော်မှန်းထားသော ဆန်လိုအပ်ချက်ထက် တန်ချိန် ၁၆၅၀၀၀ ထက် ပို၍ များခဲ့ကြောင်း သိရှိရပါသည်။
Source : Xinhua
DOCA (ရန်ကုန်)
