
ဗီယက်နမ်၏ ဟင်းသီးဟင်းရွက်အစားအစာဈေးကွက်သည်နှစ်စဉ်ပျမ်းမျှ ၈.၁ ရာခိုင်နှုန်း ကြီးထွားလျက်ရှိပြီး ၂၀၃၃ ခုနှစ်တွင် တန်ဖိုးအမေရိကန်ဒေါ်လာ ၂၂၀.၅ သန်းရောက်ရှိရန် ခန့်မှန်းရကြောင်း ဈေးကွက်သုတေသနလုပ်ငန်း IMARC Group ၏ အဆိုအရ သိရပါသည်။ IMARC က သက်သက်လွတ်စားသုံးသူများသည် အခါအားလျော်စွာဖြစ်ပေါ်သည့် trend များတွင် ပေါ်ပေါက်လာကြောင်း မှတ်ချက်ပြုခဲ့ပါသည်။ ဟင်းသီးဟင်းရွက်ထုတ်ကုန်များအတွက် ဝယ်လိုအားသည် Vu Lan ပွဲတော်၊ ဗုဒ္ဓမွေးနေ့ နှင့် ၁ ရက်နေ့နှင့် ၁၅ ရက်နေ့ကဲ့သို့သော Lunar ပြက္ကဒိန်နေ့များတွင် မြင့်တက်လာပြီး စူပါမားကတ်များနှင့် စားသောက်ဆိုင်များတွင် ရောင်းချရမှုမှာ သာမန်နေ့များနှင့် နှိုင်းယှဉ်ပါက ၁၅ မှ ၂၀ ရာခိုင်နှုန်းထိမြင့်တက်လာကြောင်း သိရပါသည်။ ဥပမာအနေဖြင့် Co-opmart တွင် ဝယ်လိုအားကိုဖြည့်စည်းရန်အတွက် ၂၀၂၅ ခုနှစ် ဗုဒ္ဓမွေးနေ့အတွင်း ဟင်းသီး ဟင်းရွက်ထုတ်ကုန် ကုန်လက်ကျန်မှာ ၂၀ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ များပြား သည့်လူဦးရေ၊ အစိမ်းရောင်နေထိုင်မှုဦးတည်ရာကြီးထွားလာမှုနှင့် ကျန်းမာရေးဂရုစိုက်မှု မြင့်တက်လာမှုကြောင့် ဗီယက်နမ်၏ ဟင်းသီးဟင်းရွက်အစားအစာဈေးကွက်သည် ကောင်းမွန် သည့်အလားအလာကို ပိုင်ဆိုင်ထားကြောင်း သိရပါသည်။ Saigon Co-op အစရှိသည့် ခေတ်မီ လက်လီရောင်းချသည့်လုပ်ငန်းများသည် ဗီယက်နမ်ဟင်းသီးဟင်းရွက်ထုတ်ကုန်များအတွက် ဈေးကွက်လမ်းကြောင်းတိုးချဲ့ရန်နှင့် ရောင်းချမှုတိုးချဲ့ရာတွင် အဓိကအခန်းကဏ္ဍကရပ်တည်နေကြောင်း သိရပါသည်။
Vietnam Plus
DOCA (ရန်ကုန်)
