Main menu

၈ လအတွင်း ဆန်တန်ချိန် ၆ သန်းကျော် ဗီယက်နမ် တင်ပို့

Powered by Drupal

      ဗီယက်နမ်နိုင်ငံသည် ၂၀၂၆ ခုနှစ် ပထမ ၈ လအတွင်း တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂.၉၁ ဘီလီယံရှိသော ဆန်တန်ချိန် ၆.၀၃ သန်းခန့်ကို တင်ပို့နိုင်ခဲ့ရာ ယခင်နှစ်ကာလတူနှင့်  နှိုင်းယှဉ် ပါက အရေအတွက်အရ ၅ ရာခိုင်နှုန်း လျော့နည်းခဲ့သော်လည်း တန်ဖိုးအရမူ ၁၀.၇ ရာခိုင်နှုန်း တိုးတက် လာသည်ဟု ဗီယက်နမ် စိုက်ပျိုးရေးနှင့် ပတ်ဝန်းကျင်ရေးရာဝန်ကြီးဌာနက အစီရင်ခံဖော်ပြထား သည်။

       ဗီယက်နမ်၏ ဆန်ပို့ကုန်ဈေးနှုန်းများသည် ယခုနှစ်ဇူလိုင်လမှစတင်၍ ပြန်လည်တိုးမြင့် လာသည့် အရိပ်လက္ခဏာများ ပြသလျက်ရှိသည်။ ဇူလိုင်လ၌ ဆန်တစ်တန်၏ ပျမ်းမျှတင်ပို့မှု တန်ဖိုးသည် ၅၁၁ အမေရိကန်ဒေါ်လာနှုန်းသို့ ရောက်ရှိလာခဲ့ပြီး ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ၅.၈ ရာခိုင်နှုန်း မြင့်တက်လျက် ၂၀၂၆ ခုနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် နှစ်အလိုက် နှိုင်းယှဉ် တိုးတက်မှုရရှိလာခြင်းဖြစ်သည်။ 

      ယခုနှစ် ပထမ ၈ လအတွက် ဆန်တစ်တန်၏ ပျမ်းမျှတင်ပို့မှုတန်ဖိုးမှာ ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ရာတွင် ၅.၉ ရာခိုင်နှုန်း လျော့နည်းလျက် ၄၈၁.၅ အမေရိကန်ဒေါ်လာနှုန်းသာရှိသည်။ ၂၀၂၆ ခုနှစ်တစ်နှစ်တာလုံးအတွက် ဗီယက်နမ်၏ ဆန်တင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃.၉၄ ဘီလီယံ ခန့်ရှိမည်ဟု ခန့်မှန်းရပြီး ၂၀၂၅ ခုနှစ်၌ တင်ပို့ခဲ့မှုတန်ဖိုးအောက် ၄ ရာခိုင်နှုန်းခန့်ကျဆင်းဖွယ်ရှိသည်။ ဇူလိုင်လမှ စတင်၍ ဆန်ပို့ကုန်ဈေးနှုန်းများ ပြန်လည်မြင့်မားလာမှုသည် ယခုနှစ် ဆန်တင်ပို့ရန် နောက်ဆုံးလက်ကျန်လများအတွင်း ဝင်ငွေရရှိမှုကို တိုးတက်ကောင်းမွန်စေရန် အထောက်အပံ့ပြုနိုင် မည်ဟု မျှော်လင့်ရသည်။

Source: Vietnam Plus, Aug 30, 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)