Main menu

ဟင်္သာတမြို့ Online Sale ဖြင့်ရောင်းချသော “တိုးဟေမာန်” ကလေးအသုံးအဆောင်ပစ္စည်း အရောင်းဆိုင်သို့ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်တာဝန်ခံသည် (၃၀.၉.၂၀၂၅)ရက်နေ့  နေ့လည် (၁၃:၀၀) နာရီအချိန်တွင် ဟင်္သာတမြို့နယ်၊ ဆင်းဧကရီလမ်း၊ ဥယျာဉ်မြောက်ရပ်ကွက်ရှိ Online စနစ်ဖြင့် ရောင်းချလျက်ရှိသော “တိုးဟေမာန်” ကလေးအသုံးအဆောင်ပစ္စည်း အရောင်းဆိုင်သို့ မြေပြင်တွင်ရောင်းချသောကုန်ပစ္စည်းနှင့် မှတ်ပုံတင်ထားသောကုန်ပစ္စည်းကိုက်ညီမှုရှိ/မရှိ ကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

  ထိုသို့ကွင်းဆင်းခဲ့ရာတွင် မြို့နယ်တာဝန်ခံ ဦးမိုးကျော်မှ Online စနစ်ဖြင့်ရောင်းချနေသော အ‌ရောင်းဆိုင်များသို့ မှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့်စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းဆောင် ရွက် ရာတွင် လုပ်ငန်းရှင်များ လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တစ် ကယ် တည်ရှိခြင်း ရှိ/မရှိ ၊ မှတ်ပုံတင်လက်မှတ်လျှောက်ထားစဉ်က ရောင်းချရန် တင်ပြထားသော ကုန်စည်(သို့)ဝန်ဆောင်မှု အမျိုးအစားစာရင်းအတိုင်း မြေပြင်တွင် အမှန်တစ်ကယ် ရောင်းချနေသော စာရင်းကိုက်ညီမှု ရှိ/မရှိ တို့ကို စစ်ဆေးခဲ့ပြီး၊ မှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန်ဖောက်ဖျက် မှု ရှိ/မရှိ  စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ ကုန်စည်ပေါ်တွင်ဖော်ပြပါရှိရမည့် ကုန်အညွှန်းအမှတ်အသားဖော်ပြမှု တို့ကိုစိစစ်ခဲ့ပြီး၊ လုပ်ငန်းရှင် ဒေါ်စိုးယုမော်နှင့်တွေ့ဆုံ၍ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း အသိပညာပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)