
၁-၁၀-၂၀၂၅ ရက်နေ့ နံနက် (၁၀:၀၀)နာရီ အချိန်တွင် ပန်းတနော်မြို့နယ် စားသုံးသူ ရေးရာဦးစီးဌာနနှင့် ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့ တို့ပူးပေါင်း၍ ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းနှင့် အခြေခံစားသောက်ကုန်စည်များ ကုန်ဈေးနှုန်း တည်ငြိမ်မှု ရှိမရှိ ကုန်ဈေးနှုန်း မြင့်တက်မှု မရှိစေရေးကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ပန်းတနော်မြို့နယ်ဦးစီးမှူးရုံးက ဦးအောင်ကျော်သက် နှင့် ပူးပေါင်းအဖွဲ့က အလယ်ပိုင်းရပ်ကွက်၊ အနောက်ပိုင်းရပ်ကွက်နှင့် အရှေ့ပိုင်းရပ်ကွက်များရှိ ကုန်စုံဆိုင်မှ ရောင်းချသော အခြေခံစာသောက်ကုန်ဈေးနှုန်းများကို မေးမြန်းစာရင်းကောက်ယူခြင်း၊ ကုန်စည် ဈေးနှုန်းများ ပုံမှန် တည်ငြိမ်လျှက်ရှိကြောင်းနှင့် ဆောက်လုပ်ရေးသုံး ပစ္စည်းများရောင်းချရာတွင် ဆိုင်ရှင်များကို သင့်တင့်မျှတသောဈေးဖြင့်သာ ရောင်းချရန် ဈေးကစားခြင်းမပြုရန် အသိပေးပြောကြားခဲ့ပြီး ပန်းတနော်တွင် ရောက်ချနေသော အိမ်ဆောက်ပစ္စည်းနှင့် ဆောက်လုပ်ရေးပစ္စည်း ဘိလပ်မြေ ရန်ကုန်မှ မှာယူရ ခက်ခဲ့ ကြောင်း ပစ္စည်းပြတ်လပ်မှုများရှိကြောင်း သိရှိရပြီး ပစ္စည်းများ သိုလှောင်ထားခြင်း မရှိကြောင်း အိမ်ဆောက်ပစ္စည်းများ ဈေးနှုန်းပုံမှန်ဖြင့်ရောင်းချနေကြောင်း စစ်ဆေးတွေ့ရှိကြောင်း သိရသည်။
DOCA(ဧရာဝတီ)
