Main menu

မအူပင်ခရိုင်ဦးစီးမူးရုံးတွင် ဆီကုန်သည်များနှင့် ဆီအရောင်းကိုယ်စားလှယ်များ ဆီပေပါထုတ်ယူမှုနှင့် ဆီရောင်းချမှု လုပ်ငန်းများအကြောင်း တွေ့ဆုံဆွေးနွေး

Powered by Drupal

   ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်အတွင်း ဆီပေပါထုတ်ယူမှု လုပ်ငန်း အခက်အခဲများ ကြန့်ကြာမှုမရှိစေရန် စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးတွင် ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် မအူပင်ခရိုင် စားအုန်းဆီ လက်ကားဖြန့်ဖြူးရောင်းချသည့် ဆီကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးခြင်း ကို ၁-၁၀-၂၀၂၅ ရက်နေ့ နေ့လည် ၂နာရီအချိန်တွင် မအူပင်ခရိုင် ဦးစီးမှူးရုံး၌ တွေ့ဆုံကာ ဆီထုတ်ယူမှုနှင့် ရောင်းချနိုင်မှု အခြေအနေများအား တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

   ဆွေးနွေးရာတွင်  မအူပင်ခရိုင်အနေဖြင့် မြို့နယ်မျးအတွက် ကုမ္ပဏီများမှ စားအုန်းဆီခွဲတမ်းရရှိမှုအပေါ် စက်တင်ဘာလ ဆောင်ရွက်ပြီး စီးမှူးနှင့် အောက်တိုဘာလအတွက် လုပ်ငန်းဆောင်ရွက်မှုများကို သတ်မှတ်ချက်များနှင့်အညီ ဆက်လက်ဆောင်ရွက်သွားရန်ကို ဆွေးနွေးပြီး ၊ မအူပင်ခရိုင်အနေဖြင့် မြို့နယ်အလိုက် ဆီထုတ်ယူရမည့် အရေအတွက်ပေပါ စက်တင်ဘာလအတွက် ၈၃ ပေပါကို Central Myanmar International Tradingကုမ္ပဏီမှ ရက်အလိုက် စနစ်တကျထုတ်ယူပြီး သတ်မှတ်နေရာများသို့ အမှန်တကယ်ရောက်ရှိစေရေး ဆောင်ရွက်နိုင်ရန်ကိုလည်းကောင်း၊  Myanmar Top Notch ကုမ္ပဏီမှ စက်တင်ဘာလ မြို့နယ်အလိုက် ထုတ်ယူရမည့် ပေပါ ၇၂၃ နှင့်၊ Resources Group Trading ကုမ္ပဏီမှ မြို့နယ်အလိုက် ထုတ်ယူရမည့် ဆီပေပါ ၂၄၆၁ ပေပါကိုလည်ကောင်း၊ စုစုပေါင်း ကုမ္ပဏီ ၃ခုမှ ဆီပေပါ ၃၂၆၇ ပေပါကို သတ်မှတ်ရက်အတွင်း ဆီရောက်ရှိမှုအပေါ်  ငွေပေးချေ၍ ငွေရပြေစာများကို သိမ်းဆည်းကာ ရထုတ်ကျန် စာရင်းများနေစဉ် ပြုစုရေးသွင်းပြီး သတ်မှတ်နေရာများသို့  အမှန်တကယ်ရောင်းချပေးသွားနိုင်ရန်ကို ပြောကြားပြီး ဆီကိုယ်စားလှယ်များနှင့် စာရင်းများတိုက်ဆိုင်စစ်ဆေးခြင်း ပြုလုပ်ခဲ့သည်။

   ကုမ္ပဏီများမှ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသုံးဆီတွေ တင်သွင်းရရှိရေး၊ ပြည်တွင်း စားသုံးဆီ ဖူလုံ‌ရေး၊ စားသုံးသူတွေကို သင့်တင့်မျှတတဲ့ဈေးနှုန်းနဲ့ သုံးစွဲနိုင်ရေး စီစဉ်ဆောင်ရွက် ပေးလျှက်ရှိကြောင်း ရောက်ရှိလာတဲ့ဆီတွေကို သက်ဆိုင်ရာတာဝန် ရှိသူတွေ စမ်းသပ်စစ်ဆေးပြီးမှ ဖြန့်ဖြူးရောင်းချရန်နှင့် ဆီပေပါများ ကိုလည်း ဟောင်းနွမ်းပါက အသစ်လဲလှယ်နိုင်ရန်၊ ပေပါများကိုလည်း ဆေးကျော၍ သန့်ရှင်စွာ အသုံးပြုရန် လုပ်ငန်းအခက်အခဲရှိပါက ဆွေးနွေးနိုင်ပါကြောင်း ပြောကြားခဲ့သည်။ မအူပင်ဆီကိုယ်စားလှယ်များမှ ရရှိသောဆီခွဲတမ်းများကို စနစ်တကျ ထုတ်ယူပြီး ရောင်းချပေး နိုင်ရန် ဆီအရောင်းကိုယ်စားလှယ်များထံ စနစ်တကျ ခွဲဝေချထားပေးပြီး သတ်မှတ်ဈေးအတိုင်း သတ်မှတ်ချက် နှင့်အညီ ရောင်းချရန် ကွင်းဆင်းကြပ်မတ်လျှက်ရှိကြောင်းနှင့် စားသုံးသူတွေ လက်ဝယ် တိုက်ရိုက်ဖြန့်ဖြူး ရောင်းချပေးနေကြောင်း ရောင်းချသူများ သတ်မှတ်ချက် လိုက်နာဆောင်ရွက်ခြင်းမရှိကလည်း ထိရောက်စွာအရေး ယူဆောင်ရွက်မည်ဖြစ်ကြောင်းကို ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)