Main menu

Gasifier ဆန်စက်များအား ဌာနဆိုင်ရာ အဖွဲ့များဖြင့် ကွင်းဆင်းစစ်ဆေး

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ၊ မအူပင်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်နှင့် ဝန်ထမ်းတို့သည် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နှင့်အတူ (၁.၁၀.၂၀၂၅) နံနက် (၁၁:၀၀) နာရီအချိန်တွင် မအူပင်မြို့နယ်၊ ရေလဲကျေးရွာရှိ  ဆန်စက်များသို့ MSMEs ဖွံ့ဖြိုး တိုးတက်ရေးနှင့် Gasifire အသုံးပြုနေမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

     အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် မအူပင်ခရိုင်အနေဖြင့် Gasifire အသုံးပြုနေမှုဆန်စက် ၂ စက်ရှိပြီး  MSMEs ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆန်ထုတ်လုပ်မှုနှင့် ပက်သက်၍ အရည်အသွေးပြည့်မီစေရေး၊ အလေးချိန်အချိန်အတွယ်များ ပြည့်မီမှန်ကန်မှုရှိ/မရှိ ၊ ဆန်စပါးလက်ရှိ ထွက်ပေါ်နေမှု ဈေးနှုန်း ဈေးကွက် အခြေအနေ၊ ဈေးကွက်အတွင်း ကြိတ်ခွဲထုတ်လုပ်ရောင်းချတင်ပို့နိုင်မှု အခြေအနေတို့ကိုစစ်ဆေးခဲ့ သည်။ Gasifire အသုံးပြု၍ ဆန်စက်လည်ပတ်ရာတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေး၊ အထူးအလေး ထားဆောင်ရွက်ရန် ၊ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့် လည်ပတ် မောင်းနှင်ရန်၊ Gasifire စနစ်မှ ထွက်ရှိသည့် ရေဆိုးများကို ရေစစ်ကန်စနစ်ဖြင့် ဆောင်ရွက်ထားရှိမှု အခြေအနေ၊စပါးခွံ ဂိုဒေါင်များ စနစ်ကျစွာ ဆောက်လုပ်ထားမှုရှိ/မရှိ တို့ကို ဌာနဆိုင်ရာ အဖွဲ့များဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)