Main menu

ဇလွန်မြို့နယ် ဆန်၊စပါးကုန်သည်များအသင်းနှင့် တွေ့ဆုံဆွေးနွေးခြင်း

Powered by Drupal

           စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည် ( ၂၇-၉-၂၀၂၅ )ရက်နေ့၊ နံနက် (၀၉:၀၀)နာရီအချိန်တွင်  ဆန်၊ စပါးကုန်သည်များအသင်း ဒု-ဥက္ကဌ ဦးစိုးတင့်ဦးနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

            အသင်းအနေဖြင့် လက်ရှိတွင် မိုးစပါးစတင်ပေါ်ထွက်လာပြီး ထွက်ရှိလာသောစပါးများအား ပွဲစားများ၊ စက်ပိုင်များမှ ပေါက်ဈေးဖြင့်ဝယ်ယူကြပြီး ရန်ကုန်သို့တင်ပို့ကြပါသည်။ တောင်သူများထံမှ ဈေးမှန်၊ အလေးချိန်မှန်ကန်စွာဝယ်ယူပြီး ပြည်သူများအတွက်ဆန်များအား သက်သာသောနှုန်းထားဖြင့် ဝယ်ယူစားသုံးနိုင်ရေးကို ဆောင်ရွက်လျက်ရှိပြီး မိုးစပါးများထွက်ပေါ်လာသဖြင့် မြို့နယ်အတွင်း စားသုံးသူပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် ဆန်ဝယ်ယူရရှိနိုင်ရေး၊ လက်လုပ်လက်စားများ၏ ရှေ့ရေးကို မျှော်မှန်းပြီး ဆန်စက်အသင်းတာဝန်ရှိသူများ၊ သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)