Main menu

ဇလွန်မြို့နယ် “ချစ်ကိုလေး”  ပဲချောင်းမုန့်လုပ်ငန်းအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

    ဧရာဝတီတိုင်း‌ဒေသကြီး၊ ဟင်္သာတခရိုင်၊ဇလွန်မြို့နယ်၊ ဦးပုညလမ်း၊ ညောင်ပင်ဈေးရပ်ကွက် တွင် ဒေသထုတ်ကုန်ဖြစ်သော “ချစ်ကိုလေး” ပဲချောင်းမုန့်လုပ်ငန်းအား ဇလွန်မြို့နယ်တာဝန်ခံသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍(၃၀.၉.၂၀၂၅)ရက်နေ့ နံနက်(၀၉:၀၀)နာရီအချိန်တွင် ဈေးကွက် မရောက်မီ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ကွင်းဆင်းခဲ့ရာတွင် ထုတ်ပိုးရောင်းချသည့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာ ဖော်ပြခြင်းရှိ/မရှိ စစ်ဆေးခဲ့ပြီး၊ ထုတ်လုပ်မှု အခြအနေ၊ အရောင်းအဝယ်ဖြစ်မှု အခြေအနေများအား မေးမြန်းဆွေးနွေးခဲ့ပါသည်။ ပဲချောင်းပြုလုပ်ရာတွင် ကုလားပဲခြမ်းအစစ် ကိုသာ အသုံးပြုရပြီး တစ်ပိဿာလျှင် (၉၀၀၀/-ကျပ်)ဖြင့် ဝယ်ယူရပါသည်။  ကုလားပဲခြမ်းကို အစိမ်းကြိတ်ပြီး ရလာသော အနှစ်များကို ကော်မှုန့်၊ ဆန်မှုန့်၊သကြား၊ ကောက်ညှင်းမှုန့်၊ဆားအနည်းငယ်ဖြင့် အချိုး သင့်ရောစပ်ကာ ပုံစံခွက်ဖြင့် ကြော်ရပါသည်။ တစ်နေ့လျှင် ကုလားပဲ(၆)ပိဿာ ကြော်ရပြီး ၁၅၀၀/- ကျပ်တန် ၂၀၀ ထုပ် ရရှိကြောင်းသိရှိရပါသည်။ တစ်နေ့လျှင်ကုန်ကျစရိတ် ၂ သိန်းခွဲဝန်းကျင် ကုန်ကျပြီး အကျိုးအမြတ်အနေဖြင့် ၅၀၀၀/-ကျပ် ဝန်းကျင်ရရှိပါသည်။ နွေဦးကာလများတွင် ဘုရားဖူးလာသူ များမှ အိမ်ပြန်လက်ဆောင်၊ ဒေသလက် ဆောင်အဖြစ် ဝယ်ယူခြင်းကြောင့် ရောင်းအား ပိုမိုကောင်းမွန် ပြီး၊ မိုးရာသီကာလတွင်အရောင်းအဝယ် နည်းပါးကြောင်းသိရှိရပါသည်။  စားသုံးသူများကြိုက်နှစ်သက် သော ဒေသအစားအစာတစ်မျိုးဖြစ်ပြီး မြို့နယ် အတွင်း၊ ခရိုင်အတွင်းနှင့် အခြားတိုင်းဒေသကြီးများသို့ ဒေသလက်ဆောင်အဖြစ်  ဝယ်ယူစားသုံးမှုရှိကြောင်းသိရှိပါသည်။

EYDNS (DOCA ဧရာဝတီ)