Main menu

လေးမျက်နှာမြို့ပေါ်ရပ်ကွက်ရှိ ဆေးနှင့်ဆေးပစ္စည်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည် (၃၀.၉.၂၀၂၅)ရက်နေ့ နံနက် (၀၉:၀၀)နာရီအချိန်တွင် လေးမျက်နှာမြို့ပေါ်ရပ်ကွက်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များတွင် ရောင်းချသော အိမ်သုံးဆေးဝါး ဈေးနှုန်းမြှင့်တင် ရောင်းချမှုရှိ/မရှိနှင့် သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းခဲ့ရာတွင် မြို့နယ်တာဝန်ခံ ဦးအောင်သန်းဌေးက ဆေးမျိုးစုံအရောင်းဆိုင်များတွင် ရောင်းချလျက်ရှိသော အိမ်သုံးဆေးဝါးများ ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိခြင်း၊ ဆေးဝါးများ ပြတ်လပ်မှုမရှိခြင်း၊ ဈေးကစားရည်ရွယ်ချက်ဖြင့် သိုလှောင်ထားမှုမရှိကြောင်းတွေ့ရှိရပြီး၊ Registration မရှိသော ဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများ၊ အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ၏ ထောက်ခံချက်မရှိသော၊ အရည်အသွေးနှင့် စံချိန်စံညွှန်း စစ်ဆေးမှု ခံယူထားခြင်းမရှိသည့် အာမခံချက် မရှိသော တရားမဝင်ဆေးဝါးများ ရောင်းချခြင်းမပြုရန် အသိပညာ ပေးဆွေးနွေးခဲ့ပြီး၊ ဝယ်ယူ သုံးစွဲသူများအနေဖြင့် လိုအပ်သော အိမ်သုံးဆေးဝါးများကို လိုအပ်သလို ဝယ်ယူရရှိလျက်ရှိကြောင်း တွေ့ရှိရပြီး  ဆေးမျိုးစုံ အရောင်းဆိုင်(၃)ဆိုင်အား ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

EYDNS (DOCA ဧရာဝတီ)