Main menu

ဖျာပုံမြို့နယ်အတွင်းရှိ ဓာတ်မြေဩဇာဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

    ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဒုခရိုင်မှူး ဦးစိုးမင်းထိုက်နှင့် ဝန်ထမ်းများသည် ၂၀၂၅ခုနှစ်၊စက်တင်ဘာလ (၃၀)ရက်နေ့၊ နေ့လယ် (၁:၀၀)နာရီအချိန်တွင် ဖျာပုံမြို့နယ်အတွင်းရှိ ဓာတ်မြေဩဇာဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

   အဆိုပါကွင်းဆင်းစစ်ဆေးဆောင်ရွက်မှုတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊မြန်မာ နိုင်ငံရဲတပ်ဖွဲ့၊ စိုက်ပျိုးရေးဦးစီးဌာန နှင့် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန တို့ပူးပေါင်းပြီး ဖျာပုံမြို့ နယ်အတွင်းရှိ ဓာတ်မြေဩဇာဆိုင်များတွင် တရားမဝင်ပစ္စည်းများရောင်းချမှု ရှိ/မရှိ၊ သက်ဆိုင်ရာဌာ နများမှခွင့်ပြုလိုင်စင် စစ်ဆေးခြင်းနှင့် သက်ဆိုင်ရာဌာနများ၏ သက်မှတ်ရည်ညွှန်းဈေး ရောင်းချမှု မရှိစေရေးအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

(Doca ဧရာဝတီ)