
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်အတွင်း အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ အသိပညာပေးဆောင်ရွက်မှုအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၊မြစ်ကြီးနားခရိုင်ဦးစီးမှူး ရုံးမှ ဦးတင်မောင်ထွန်း (ရုံးအုပ်)သည် ၂.၁၀.၂၀၂၅ ရက်နေ့ (၁၁း၀၀) နာရီအချိန်တွင် မြစ်ကြီးနားမြို့၊ စက်မှုရပ်ကွက်ရှိ Lucky ကိတ်နှင့်မုန့်မျိုးစုံလုပ်ငန်းမှ လုပ်သားဝန်ထမ်း (၂၀) ဦးနှင့် တွေ့ဆုံ၍ အသိပညာပေးဆောင်ရွက်ခဲ့ပါသည်။
ထိုသို့အသိပညာပေးဆောင်ရွက်ခဲ့ရာတွင် ဦးတင်မောင်ထွန်း (ရုံးအုပ်)က စားသုံးသူ ကာကွယ်ရေးဥပဒေပါ(၂၀၁၉)ပါ စားသုံးသူ၏အဓိပ္ပာယ်ဖွင့်ဆိုချက်၊ စားသုံးသူအခွင့်အရေးနှင့်တာဝန် များ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် ၅၁/၂၀၂၃ အရ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်ထားရှိမှု အခြေအနေ၊ အွန်လိုင်းရောင်းချခြင်း၏အဓိပ္ပာယ်ဖွင့်ဆိုချက်၊ အွန်လိုင်းမှဈေးဝယ်ယူရာတွင် တွေ့ရှိ ရသည့် အားသာချက်၊ အားနည်းချက်များ၊ အွန်လိုင်းမှလိမ်လည်မှုပုံစံ (၂)မျိုး၊ စားသုံးသူများအနေဖြင့် အွန်လိုင်းမှတဆင့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကိုဝယ်ယူရာတွင် စိစစ်သင့်သည့် အချက်အလက် များ၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ ကုန်သွယ်ရေးဦးစီးဌာနနှင့် စားသုံးသူ ရေးရာဦးစီးဌာနတို့မှ ဆောင်ရွက်ပေးမည့်အခြေအနေ၊ မှတ်ပုံတင်ထားသော အွန်လိုင်းရောင်းချမှု လုပ်ငန်းများမှ ဈေးဝယ်ယူခြင်းဖြင့်ရရှိလာမည့် အကျိုးရလဒ်များအား အသိပညာပေးဆွေးနွေးခဲ့ပါ သည်။
DOCA(ကချင်)
