
၂၀၂၅ခုနှစ်၊ အောက်တိုဘာလ(၂)ရက်နေ့တွင် မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် အတူ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနတို့ဖြင့် မြိတ်မြို့၊ အမှတ်(၂၄)၊ ကန်ဖျားလမ်း၊ ကန်ဖျားရပ်ရှိ NEWLINK အိမ်သုံးဖိုင်ဘာအင်တာနက်လုပ်ငန်းသို့ အင်တာနက်ဝန်ဆောင်မှု နှင့်ပတ်သက်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါ သည်။
ကွင်းဆင်းစစ်ဆေးရာတွင် အင်တာနက်ဝန်ဆောင်မှုသည်ဆက်သွယ်ရေးကဏ္ဍအား လုံးအတွက် အရေးကြီးဆုံးအစိတ်အပိုင်းတစ်ရပ်အနေဖြင့်ပါဝင်သည့်အတွက် အရည်အသွေး ပြည့်မှီသော အင်တာနက်ဝန်ဆောင်မှုများရရှိစေရေးနှင့် သတင်းအချက်အလက်များအား စားသုံးသူများသိရှိစေရန် လက်ကမ်းကြော်ငြာများနှင့် ရုံးတွင်ဗီနှိုင်းဆိုင်းဘုတ်များကပ်၍ ဆောင်ရွက်ထားရန်နှင့် စားသုံးသူများ၏အခွင့်အရေးများနှင့် စီးပွားရေးလုပ်ငန်းရှင်များလိုက် နာရန်အချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး စာချုပ်စာတန်းများဆောင်ရွက်ထားရှိမှုနှင့် call center များ ထားရှိမှု အခြေအနေများကို စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)
