Main menu

ကြည့်မြင်တိုင်မြို့နယ် ဗားဂရာ ဆိပ်ကမ်းတွင် စားအုန်းဆီ သင်္ဘောဝင်ရောက်ခြင်း

Powered by Drupal

      စားအုန်းဆီ တင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီသည် စားအုန်းဆီများသတ်မှတ်အရည်အသွေး၊ စံချိန်စံညွှန်းများနှင့်အညီများနှင့်အညီ စားသုံးသူပြည်သူ များ ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများသုံးစွဲနိုင်ရေး၊ ဈေးနှုန်းတည်ငြိမ်စွာ ဝယ်ယူစား  သောက်နိုင်ရေး ကြီးကြပ်ထိန်းကျောင်း၍ သက်ဆိုင်ရာ ကုမ္ပဏီများက စားအုန်းဆီများပြည်ပမှ တင်သွင်းလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး သီလဝါဆိပ်ကမ်း၊ ဗားဂရာ (သဲကွင်း) ဆိပ်ကမ်း၊ ကြည့်မြင်တိုင်မြို့နယ် ကမ်းနားဈေးဆိပ်ကမ်း၊ KIPT ဆိပ်ကမ်းသို့ စားအုန်းဆီသင်္ဘောများ ဆိုက်ကပ်ပြီး ၂.၁၀.၂၀၂၅ ရက်နေ့ တွင် ကြည့်မြင်တိုင်မြို့နယ် ဗားဂရာ ဆိပ်ကမ်းသို့ MT. RM 2 V.11/25 သင်္ဘောဖြင့် ROS (1,2) ဆီကန်သို့  1900 MT ၊ LL (F)  ဆီကန်သို့ 1350 MT ၊ HTOO (1) ဆီကန်သို့ 400 MT ၊  HTT (1) (4)  ဆီကန်သို့ 1350 MT ၊ စုစုပေါင်း တန်ချိန်(5000) ဝင်ရောက် လျှက်ရှိကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)