Main menu

ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီဝင်ရောက်ရာ အရပ်ဒေသများနှင့် ဈေးနှုန်းများအခြေအနေ

Powered by Drupal

    ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ () ရက်နေ့တွင် ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီ ဝင်ရောက်ရာဒေသများဖြစ်သည့် ဆိပ်ဖြူ၊ မြင်းခြံ၊ မုံရွာဒေသတို့မှ ကြက်သွန်နီ (၆၃၀၀၀၀) ပိဿာ ဝင်ရောက်ခဲ့ပြီး (၆၀) ရာခိုင်နှုန်းခန့် ပြန်လည်စီး  ထွက်မှုရှိကြောင်း သိရှိရပါသည်။ ထို့ကြောင့် ကြက်သွန်နီ လက်ကျန်မှာ (၂၅၂၀၀၀) ကျန်ရှိကြောင်း ကုန်စည်ဒိုင်တင်းအရသိရှိရ သည်။ ဆိပ်ဖြူ ကြက်သွန်နီ(အသစ်) အချော တစ်ပိဿာ ကျပ် ၅၀၀၊ အသန့်မှာတစ်ပိဿာ ကျပ် ၁၀၀၀၊ အကြီးမှာ ကျပ် ၁၃၅၀၊ ရှယ်မှာ ကျပ် ၁၂၅၀၊ မြင်းခြံ ကြက်သွန်နီ (အသစ်) အချော တစ်ပိဿာ ကျပ် ၄၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၇၀၀ ၊ အကြီးမှာ ကျပ် ၁၀၀၀၊ ရှယ်မှာ ကျပ် ၁၄၀၀၊ မုံရွာ ကြက်သွန်နီ (အသစ်)  အချော တစ်ပိဿာ ကျပ် ၆၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၁၀၀၀ ၊ အကြီးမှာ ကျပ် ၁၃၅၀၊ ရှယ်မှာ ကျပ် ၁၉၀၀ ဈေးတို့အသီးသီးရှိကြောင်း စုံစမ်းသိရှိရပါသည်။

          ၁.၁၀.၂၀၂၅ ရက်နေ့တွင် ဆိပ်ဖြူနှင့် မုံရွာကြက်သွန်နီမှာ ၂၅.၉.၂၀၂၅ ရက်နေ့ကအတိုင်း ဈေးနှုန်းတည်ငြိမ်နေပြီး မြင်းခြံကြက်သွန်နီဈေးနှုန်းမှာ ၂၅.၉.၂၀၂၅ ရက်နေ့ကထက် ဈေးအနည်းငယ် ကျသွားကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)