
စားသုံးသူရေးရာဦးစီးဌာန၊မြန်အောင်မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည်(၂၆.၉.၂၀၂၅)ရက်နေ့ နေ့လယ် (၁၃:၃၀) နာရီအချိန်တွင် မြန်အောင်မြို့ပေါ်ရပ်ကွက်နှင့် မြို့မဈေးအတွင်းရှိ စတိုးဆိုင်များတွင် ရောင်းချလျက်ရှိသော Dumex Dupro ကလေးဖော်စပ်စာ အတုအပရောင်းချမှုရှိ/ မရှိ ဈေးကွက်စောင့် ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းခဲ့ရာ ဈေးကွက်အတွင်းရောင်းချလျက်ရှိသော Dumex Dupro ကလေးဖော်စပ် စာကုန်စည်တွင် အလားတူ ကုန်ပစ္စည်းအတုအပရောနှောရောင်းချမှု မရှိစေရေး ဈေးကွက်စောင့်ကြည့် စစ်ဆေးရန်လိုအပ်ကြောင်း၊ ထိုကုန်စည်အားတုပရောင်းချခြင်းကြောင့် စားသုံးသူများတွင် မလိုလားအပ်သော ဘေးအန္တရာယ်မဖြစ်စေရေး မြန်အောင်မြို့နယ်အတွင်း စတိုးဆိုင်နှင့် ဆေးဆိုင်များတွင် ရောင်းချလျက်ရှိသော Dumex Dupro ကလေးဖော်စပ်စာ ကုန်ပစ္စည်းဘူးပေါ်တွင် ဖော်ပြပါရှိသော အသေးစိတ်အချက်အလက်များအား တိုက်ဆိုင်စိစစ်ခဲ့ရာတွင် Dumex Dupro ကလေးဖော်စပ်စာ ၆၅၀ ဂရမ်အစစ်များကိုသာ ရောင်းချလျက်ရှိကြောင်း၊ ကုန်ပစ္စည်းအတုများရောင်းချမှု မရှိကြောင်း စိစစ်တွေ့ရှိရသည်ဟု သတင်းရရှိပါသည်။
DOCA (ဧရာဝတီ)
