
စားသုံးသူရေးရာဦးစီးဌာန၊ဇလွန်မြို့နယ်တာဝန်ခံသည်(၂၄.၉.၂၀၂၅)ရက်နေ့ နေ့လယ်(၁၃:၃၀) နာရီအချိန်တွင် ဇလွန်မြို့နယ်အတွင်းရှိ စတိုးဆိုင်နှင့်ဆေးဆိုင်များတွင် ရောင်းချလျက်ရှိသော Dumex Dupro ကလေးဖော်စပ်စာ အတုအပရောင်းချမှုရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းခဲ့ရာ ဈေးကွက်အတွင်းရောင်းချလျက်ရှိသော Dumex Dupro ကလေးဖော်စပ် စာကုန်စည်တွင် အလားတူ ကုန်ပစ္စည်းအတုအပရောနှောရောင်းချမှုမရှိစေရေး ဈေးကွက်စောင့်ကြည့် စစ်ဆေးရန်လိုအပ်ကြောင်း၊ ထိုကုန်စည်အားတုပရောင်းချခြင်းကြောင့် စားသုံးသူများတွင် မလိုလားအပ်သော ဘေးအန္တရာယ်မဖြစ်စေရေး ဇလွန်မြို့နယ်အတွင်း စတိုးဆိုင်နှင့် ဆေးဆိုင်များတွင် ရောင်းချလျက်ရှိသော Dumex Dupro ကလေးဖော်စပ်စာ ကုန်ပစ္စည်းဘူးပေါ်တွင် ဖော်ပြပါရှိသော အသေးစိတ်အချက်အလက်များအား တိုက်ဆိုင်စိစစ်ခဲ့ရာတွင် Dumex Dupro ကလေးဖော်စပ်စာ အစစ်များကိုသာ ရောင်းချလျက်ရှိပြီး ကုန်ပစ္စည်းအတုများရောင်းချမှုမရှိကြောင်း အရောင်းဆိုင်(၅) ဆိုင်အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA (ဧရာဝတီ)
