
စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် (၂၄.၉.၂၀၂၅)ရက်နေ့ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင်သက်ဆိုင်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍မြန်အောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ စက်မှုလုပ်ငန်းသုံးဆီထုတ်ယူမည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
ထိုဆွေးနွေးပွဲတွင် မြို့နယ်ဦးစီးမှူး ဦးမြင့်အောင်က ၂၀၂၅ ခုနှစ် စက်တင်ဘာလအတွက် ခွဲဝေရရှိသည့် လုပ်ငန်းသုံးဆီများအား လုပ်ငန်းကြီး၊ လတ်၊ ငယ် အမျိုးအစားအလိုက် မိမိတို့ အမှန်တစ်ကယ်လိုအပ်သောဆီများ ထုတ်ယူသုံးစွဲနိုင်ရေး၊ စက်မှုလုပ်ငန်းသုံးဆီထုတ်ယူသုံးစွဲနေသည့် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့အခွင့်အရေးအား အပြည့်အဝရရှိစေရန် ရည်ရွယ်ကြောင်း၊ မိမိတို့ မြို့နယ်အတွင်းရှိ လုပ်ငန်းရှင်များအတွက် စားအုန်းဆီများအား သင့်တင့်မျှတသောဈေးနှုန်းဖြင့် ရရှိအောင် နိုင်ငံတော်မှ ဆောင်ရွက်ပေးထားပြီး ဖြစ်သည့်အတွက် ၎င်းဆီများအား သုံးစွဲရာတွင် မှန်မှန်ကန်ကန်နှင့် သုံးစွဲကြရန်၊ မိမိတို့အတွက် အမှန်တစ်ကယ်လိုအပ်သော ဆီခွဲတမ်းများကို ဝယ်ယူသုံးစွဲကြစေရန် မိမိတို့အတွက် ဝန်ထုတ်ဝန်ပို မဖြစ်စေဘဲ အမှန်တစ်ကယ်သုံးစွဲနေသော လိုအပ်ချက်စာရင်းကိုသာ တင်ပြလျှောက်ထားရန် ပြောကြားဆွေးနွေးခဲ့ပြီး၊ သက်ဆိုင်ရာဌာနဝန်ထမ်းများမှ အသီးသီးဆွေးနွေးခဲ့ကြပါသည်။ ဆက်လက်၍ တက်ရောက်လာသော လုပ်ငန်းရှင်များနှင့် ဌာနဆိုင်ရာအဖွဲ့မှ ဆီခွဲတမ်း ရရှိမှုအပေါ် ကြီး၊ လတ်၊ငယ် စာရင်းအတိုင်း အညီအမျှ ခွဲဝေခဲ့ကြပြီး အစည်းအဝေးကို နေ့လယ် (၁၅:၃၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။
DOCA (ဧရာဝတီ)
