
စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် (၂၄.၉.၂၀၂၅ ) ရက်နေ့ နေ့လယ်(၁၄:၃၀)နာရီအချိန်တွင် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ လေးမျက်နှာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ စက်မှုလုပ်ငန်းသုံးဆီ ထုတ်ယူမည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
ထိုဆွေးနွေးပွဲတွင် မြို့နယ်တာဝန်ခံက ဦးအောင်သန်းဌေးက ၂၀၂၅ ခုနှစ် စက်တင်ဘာလအတွက် ခွဲဝေရရှိသည့် လုပ်ငန်းသုံးဆီများအား လုပ်ငန်းကြီး၊ လတ်၊ ငယ် အမျိုးအစားအလိုက် မိမိတို့ အမှန်တစ်ကယ် လိုအပ်သောဆီများ ထုတ်ယူသုံးစွဲနိုင်ရေး ရှင်းလင်းဆွေးနွေးခြင်း၊ စက်မှုလုပ်ငန်းသုံး ဆီထုတ်ယူသုံးစွဲနေသည့် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့လုပ်ငန်းတွင်အသုံးပြုလျက်ရှိသော ဆီလိုအပ်ချက်များတင်ပြရာတွင် မိမိတို့အမှန်တစ်ကယ်သုံးစွဲနေသော လိုအပ်ချက်စာရင်းကိုသာ တင်ပြလျှောက်ထားရန်၊ သက်ဆိုင်ရာလုပ်ငန်းလိုင်စင်များ၊ ခွင့်ပြုချက်များနှင့် အခွန်ပေးဆောင်မှု အထောက်အထားများထားရှိစေရေး၊ မိမိတို့ လုပ်ငန်းအတွက်သာ သုံးစွဲရန်လိုအပ်ကြောင်း၊ ပြင်ပရောင်းချမှု မရှိစေရေး အသိပညာပေးဆွေးနွေးခဲ့ပြီး၊ ထို့နောက်လုပ်ငန်းရှင်တစ်ဦးချင်း မိမိတို့နေ့စဉ်သုံးစွဲလျက်ရှိသော ဆီလိုအပ်ချက်စာရင်းများအား မေးမြန်းခဲ့ပြီး စနစ်တကျစာရင်းခွဲဝေ ဆောင်ရွက်ခဲ့ကြောင်း၊ လုပ်ငန်းရှင်(၂၀)ဦးတက်ရောက်ခဲ့ပြီး အစည်းအဝေးကိုနေ့လယ်(၁၅:၃၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။
DOCA (ဧရာဝတီ)
