Main menu

အမေရိကန်နိုင်ငံ၏ အ‌ကောက်ခွန်အကျိုးသက်ရောက်မှုကို ရင်ဆိုင်ရန်အတွက် ကုန်သွယ်ရေးသဘောတူညီမှုအသစ် ရှာဖွေနေသည့် ဗီယက်နမ်နိုင်ငံ

Powered by Drupal

      ဗီယက်နမ်နိုင်ငံသည် ၎င်း၏အကြီးမားဆုံး ကုန်သွယ်ရေးမိတ်ဖက်ဖြစ်သော အမေရိကန် နိုင်ငံမှ ၎င်း၏ ကုန်ပစ္စည်းများအပေါ် အခွန်တိုးမြှင့်ကောက်ခံမှုအကျိုးသက်ရောက်မှု လျော့နည်း စေရန်အတွက် ကုန်သွယ်ရေးသဘောတူညီမှုအသစ်များ ရှာဖွေလျက်ရှိကြောင်း ဗီယက်နမ်နိုင်ငံ ကုန်သွယ်ရေးဝန်ကြီးချုပ်က ပြောကြားခဲ့ပါသည်။ အဆိုပါ ကြေညာချက်သည် အမေရိကန်နိုင်ငံ၏ အခွန်တိုးမြှင့်ကောက်ခံခြင်းကြောင့် ဗီယက်နမ်နိုင်ငံမှ အမေရိကန်နိုင်ငံသို့ တင်ပို့သော ကုန်များ၏ ငါးပုံတစ်ပုံခန့် လျော့ကျသွားနိုင်ကြောင်း ခန့်မှန်းမှုအပြီးတွင် ထွက်ပေါ်လာခြင်းဖြစ်ကြောင်းနှင့် ဗီယက်နမ်နိုင်ငံအနေဖြင့် အရှေ့တောင်အာရှနိုင်ငံများထဲတွင် အခက်ခဲဆုံးအခြေအနေများနှင့် ရင်ဆိုင်နေရကြောင်း သိရပါသည်။ ဝန်ကြီးချုပ် Pham Minh Chinh က တင်ပို့မှုများကို ယခုနှစ်တွင် ၁၂ ရာခိုင်နှုန်းထက် တိုးတက်အောင် မျှော်မှန်းလျက်ရှိကြောင်း သိရပါသည်။ အစိုးရအဖွဲ့အစည်း၏ အချက်အလက်များအရ ယခုနှစ် စက်တင်ဘာလအထိ ဗီယက်နမ်နိုင်ငံ၏ ကုန်သွယ်မှုသည် ၁၅.၈ ရာခိုင်နှုန်းအထိ မြင့်တက်လျက်ရှိပြီး အမေရိကန်ဒေါ်လာ ၃၂၅.၃ ဘီလီယံ အထိမြင့်တက်လျက်ရှိကြောင်း သိရပါသည်။ အမေရိကန်နိုင်ငံ၏ အခွန်အကျိုးသက်ရောက်မှုကို လျော့ချနိုင်ရန်အတွက် ဗီယက်နမ်နိုင်ငံသည် ယခုနှစ်အကုန်တွင် Latin America ၏ Mercosur trading bloc နှင့် သဘောတူညီမှုလက်မှတ်ရေးထိုးတော့မည်ဖြစ်ကြောင်း Chinh ကပြောကြားခဲ့ ပါသည်။ ၎င်းက ဗီယက်နမ်နိုင်ငံသည် Trump စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဗီယက်နမ်နိုင်ငံ ကုန်ပစ္စည်းများအပေါ် အခွန် ၂၀ ရာခိုင်နှုန်းတိုးမြှင့်မှု အပြီးတွင် အမေရိကန်နိုင်ငံနှင့် ကုန်သွယ်ရေး ညှိနှိုင်းမှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

Source: The Daily Star                                                              

DOCA (ရန်ကုန်)