
အိန္ဒိယနိုင်ငံသည် ပဲပိစပ်နှင့် တစ်ခြားသော အစားအသောက်ထုတ်ကုန်များ အပေါ် အခွန် ကောက်ခံမှု ဖျက်သိမ်းမှုအပြီး အောက်တိုဘာလ ၂၃ ရက်နေ့ နှင့် ၂၄ ရက်နေ့အတွင်းတွင် အာဂျင်တီးနားနိုင်ငံမှ ပဲပိစပ်ဆီတန်ချိန် ၃၀၀၀၀၀ မက်ထရစ်တန်ချိန်ခန့်ဝယ်ယူခဲ့ကြောင်းနှင့် အဆိုပါ ၂ ရက်အတွင်း ဝယ်ယူမှုသည် အကြီးမားဆုံးဖြစ်ကြောင်း သိရပါသည်။ အဆိုပါ ဝယ်ယူမှုသည် အင်ဒိုနီးရှားနိုင်ငံနှင့် မလေးရှားနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ စားအုန်းဆီတင်သွင်းမှုကို လျော့နည်းစေနိုင်ခဲ့ကြောင်း သိရပါသည်။ အဆိုပါ ပဲပိစပ်ဆီများကို အောက်တိုဘာလအတွင်း ကုန်သွယ်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် ကုန်သွယ်မှု ပုဂ္ဂလိကုန်သွယ်ရေးရုံများတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါသည်။ အဆိုပါ အချိန်တိုအတွင်း ပမာဏ များပြားစွာဝယ်ယူမှု သည် မကြုံစဖူးဖြစ်ကြောင်းနှင့် ကုန်သွယ်ရေးသမားများသည် စားအုန်းဆီများကို လျစ်လျူရှု လျက်ရှိကြောင်း New Deli အခြေစိုက် ကုန်သွယ်ရေးသမားက ပြောကြားခဲ့ပါသည်။ အာဂျင်တီးနားနိုင်ငံ သည် ပဲပိစပ်ဆီကဲ့သို့ အစားသောက်ထုတ်လုပ်သည့် ကုမ္ပဏီများအပေါ် အခွန်ကောက်ခံမှု ယာယီ ဖျက်သိမ်းလိုက်သည်မှာ အားနည်းနေသော ၎င်း၏ ငွေကြေး ပီဆို အတွက် အမေရိကန်ဒေါ်လာများ ဝင်ရောက်စီးဆင်းရန်ဖြစ်ကြောင်း သိရပါသည်။ ကမ္ဘာ့အကြီးဆုံး ဟင်းသီးဟင်းရွက်ဆီတင်သွင်း သည့် အိန္ဒိယနိုင်ငံသည် တစ်လလျှင် ပုံမှန်အားဖြင့် ပဲပိစပ်ဆီ တန်ချိန် ၃၀၀၀၀၀ တန်အောက် တင်သွင်းလျက်ရှိပြီး ယခုအပတ်အတွင်းဝယ်ယူမှုပမာဏ မြင့်တက်ခြင်းသည် အာဂျင်တီးနားနိုင်ငံ ၏ ဆုံးဖြတ်ချက်ကြောင့် ဖြစ်ကြောင်း သိရပါသည်။ ပဲပိစပ်ဆီများကို ကုန်ကျစရိတ်နှင့် အာမခံစရိတ်များကြောင့် ၁ တန်လျှင် အမေရိကန်ဒေါ်လာ ၁၁၀၀ မှ ၁၁၂၀ အတွင်းဝယ်ယူရ ကြောင်း သိရပါသည်။ သြဂုတ်လအထိ အိန္ဒိယနိုင်ငံ၏ ပဲပိစပ်ဆီတင်သွင်းမှုသည် ၂၅.၂၇ ရာခိုင်နှုန်း အထိကျဆင်းလျက်ရှိပါသည်။ အိန္ဒိယနိုင်ငံသည် စားအုန်းဆီများကို အင်ဒိုနီးရှားနိုင်ငံနှင့် မလေးရှားနိုင်ငံတို့မှ အဓိက တင်သွင်းလျက်ရှိပြီး ပဲပိစပ် ဆီနှင့် နေကြာဆီများကို အာဂျင်တီးနား နိုင်ငံ၊ ဘရာဇီးနိုင်ငံ၊ ရရှားနိုင်ငံနှင့် ယူကရိန်းနိုင်ငံတို့မှ အဓိက တင်သွင်းလျက်ရှိကြောင်း သိရပါ သည်။ သြဂုတ်လတွင် အိန္ဒိယနိုင်ငံ၏ ဟင်းသီးဟင်းရွက်ဆီတင်သွင်းမှုသည် လစဥ် ၄.၇ ရာခိုင်နှုန်း၊ တန်ချိန် ၁.၆၂ သန်းခန့် မြင့်တက်လျက်ရှိကြောင်း သိရပါသည်။ စားသုံးရန်သင့်သောဆီများ ဝယ်လိုအားသည် အထူးသဖြင့် စားအုန်းဆီများကို အချိုနှင့် အကြော်စာများ စားသုံးမှုမြင့်မားခြင်း ကြောင့် အိန္ဒိယနိုင်ငံတွင် ပွဲတော်အခါများတွင် မြင့်တက်လျက်ရှိကြောင်း သိရပါသည်။
Source: Economic Times
DOCA (ရန်ကုန်)
