
ဗီယက်နမ်နိုင်ငံ၏ တပ်ဆင်ပြီးသာ မော်တော်ကားများ၏ တင်သွင်းမှု တန်ဖိုးသည် ယခုနှစ် တွင် ပထမ ၈ လ အတွင်း အမေရိကန်ဒေါ်လာ ၃.၀၂ ဘီလီယံဖြင့် စံချိန်တင်မြင့်တက်ခဲ့ကြောင်း နေ့စဉ်ထုတ် Nhan Dan က အကောက်ခွန်ဌာန၏ အချက်အလက်များအရ စက်တင်ဘာလ ၂၆ နေ့က ထုတ်ပြန်ခဲ့ပါသည်။
အဆိုပါကာလအတွင်း နိုင်ငံအတွင်းတွင် တပ်ဆင်ပြီးသော မော်တော်ကား ၁၃၇၈၂၁ စီး တင်သွင်းခဲ့ကြောင်း အစီရင်ခံစာတွင်ဖော်ပြထားပါသည်။ ထိုင်ခုံ ၉ ခုံအောက်ပါသော ကားများသည် အများဆုံးဖြင့် ယူနစ်ပေါင်း ၁၀၄၀၀၀ ကျော်ဖြင့် ယခင်နှစ်ကထက် ၁၉.၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါသည်။ ခရီးသည်ယာဉ်များ တင်သွင်းမှုသည် ဇန်နဝါရီလမှ သြဂုတ်လအထိ ၉၅.၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ယူနစ်ပေါင်း ၁၇၇၅၆ စီး အထိ ရောက်ရှိခဲ့ပါသည်။
သြဂုတ်လတစ်ခုတည်းတွင် ဗီယက်နမ်နိုင်ငံသည် အမေရိကန်ဒေါ်လာ ၃၆၃ သန်း တန်ဖိုးရှိသော တပ်ဆင်ပြီးစီးသော မော်တော်ကား ၁၆၂၇၄ စီးတင်သွင်းခဲ့ပါသည်။ တင်သွင်းမှု အများဆုံးမှာ အင်းဒိုနီးရှား၊ ထိုင်း၊ တရုတ်၊ နိုင်ငံတို့မှ ဖြစ်ကြောင်း ဗီယက်နမ်အကောက်ခွန်ဌာန၏ အဆိုအရ သိရှိရပါသည်။
Source : Xinhua
DOCA (ရန်ကုန်)
