
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်သည် ဆန်/ စပါးကိုအဓိကထားစိုက် ပျိုးထုတ်လုပ်ပြီး၊ အခြားတိုင်းဒေသကြီးများသို့ ဆန်စပါး တင်ပို့ရောင်းချခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ(၂၄) ရက်နေ့၊ ညနေ (၁၆:၃၀) နာရီအချိန်တွင် မြိတ်မြို့သို့ ဆန်စပါးသယ်ယူပို့ဆောင်မည့် လုပ်ငန်းများဆောင်ရွက်ခြင်းကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြပါသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးမှုတွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၊ မြို့နယ်စီမံ ခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီတို့၏ ဦးဆောင်မှုဖြင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနများက ကျိုက်လတ်မြို့မှ မြိတ်မြို့သို့ တင်ပို့မည့် MV-မြမြမွန် ရေယာဉ်ပေါ်တွင် ပေါ်ဆန်း/ဧည့်မထဆန်အိတ်များ တင်ဆောင်ထားရှိမှုအခြေအနေ၊ ရေယာဉ်ကြံခိုင်မှုနှင့် လိုအပ်သည့် စစ်ဆေးမှုများ၊ ဆောင်ရွက်ခြင်း၊ ဆန်သယ်ယူရာတွင် ကန့်သတ်ပစ္စည်းများ သယ်ဆောင်ခြင်းမရှိစေရေးနှင့် တရားဥပဒေနှင့် အညီ ညီညွတ်မှုမရှိသည့် ကိစ္စရပ်များ ဖြစ်ပွားမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)
