
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့၊ (၁၃း၀၀) နာရီ အချိန်တွင် မြိတ်မြို့မှ ထားဝယ်မြို့၊ ဦးစွန်ဝှိုင် ဆိပ်ခံတံတားသို့ ရောက်ရှိဆိုက်ကပ်လာသော အမ်ဗွီ Aung Tat Toe ရေယာဉ်ဖြင့် တင်ဆောင်လာသော ၁၂ ပြည်ပါ ဆန်အိတ် ၁၀၀၀၀ အား စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးလွင်နှင့် အကောက်ခွန်ဦးစီးဌာန၊ ရေကြောင်းရဲတပ်ဖွဲ့၊ မြန့်မာ့ဆိပ်ကမ်း အာဏာပိုင် အဖွဲ့တို့မှ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးဆောင်ရွက်ခဲ့ပြီး အဆိုပါ ဆန်များအား ထားဝယ်မြို့ပေါ်ရှိ ဆန်အရောင်းဆိုင်များသို့ ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါ သည်။
DOCA(တနင်္သာရီ)
