
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ(၂၅) ရက်၊ နံနက်ပိုင်းအချိန်တွင် ကျိုက်လတ်မြို့နယ် ကုန်ဈေးနှုန်းတည်ငြိမ်ရေးအဖွဲ့ဖြစ်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့ပူးပေါင်းပြီး အခြေခံစားကုန်တို့ကို ကျိုက်လတ်မြို့(၇) လမ်းနေရာတွင် ပြည်သူများသို့ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ပါသည်။
အဆိုပါ ရောင်းချရာတွင် ဧည့်မထဆန်တစ်ပြည်လျှင် (၂၅၀၀) ကျပ်၊ အမဲသားတစ်ပိဿာ လျှင်(၂၀၀၀၀) ကျပ်၊ စားအုန်းဆီတစ်ပိဿာလျှင်(၇၂၀၀) ကျပ်၊ ကြက်ဥ တစ်လုံးလျှင်(၃၇၀) ကျပ်ဖြင့် လူတစ်ဦးလျှင် ဆန်တစ်ပြည်၊ ဆီ(၅၀) ကျပ်သား၊ ကြက်ဥ (၁၀) လုံးရောင်းချပေးလျက်ရှိပါသည်။ ဆန်(၃) အိတ်၊ဆီ(၅၀)သားဘူး (၂၀၀) ဘူး၊ ကြက်ဥ အလုံး(၆၀၀) တို့အား ပြည်သူများထံ သို့ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)
