
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် နယ်မြေအခြေအနေအရ ကုန်စည် ဒိုင်အရောင်းအဝယ်မပြုလုပ်နိုင်သော်လည်း ရန်ကုန်၊ မန္တလေးတွင်ဖြစ်ပေါ်နေသော ဈေးကွက်အခြေ အနေနှင့် ဒေါ်လာဈေးအတက်အကျပေါ်မူတည်၍ ပွဲစားများ စုစည်းနိုင်သည့် နေရာတွင် ဈေးနှုန်းသတ်မှတ်ပြီးနောက် မိမိတို့၏ ပွဲရုံများတွင် ပဲမျိုးစုံ အရောင်းအဝယ်ပြုလုပ်လျက် ရှိကြောင်း သိရသည်။
၂၀၂၅ခုနှစ်၊ စက်တင်ဘာလ (တတိယပတ်)တွင် မတ်ပဲ တစ်တင်းလျှင် ကျပ်(၇၀၀၀၀)၊ ကုလားပဲ (929) တစ်တင်းလျှင် ကျပ် (၇၇၀၀၀)၊ ပဲတီစိမ်း တစ်တင်းလျှင် ကျပ် (၁၁၀၀၀၀)၊ နှမ်းဖြူ တစ်တင်းလျှင် ကျပ် (၉၁၅၀၀)၊ ထောဖြူ(ကျွန်း) တစ်တင်းလျှင် ကျပ် (၆၀၀၀၀) ဖြစ်ပြီး ဩဂုတ်လ (တတိယပတ်)တွင် မတ်ပဲ တစ်တင်းလျှင် ကျပ် (၇၀၀၀၀)၊ ကုလားပဲ (V2) တစ်တင်းလျှင် ကျပ် (၈၄၂၀၀)၊ ကုလားပဲ (929) တစ်တင်း ကျပ် (၈၃၃၀၀)၊ ပဲတီစိမ်း တစ်တင်းလျှင် ကျပ် (၁၀၀၀၀၀)၊ နှမ်းဖြူ တစ်တင်း လျှင် ကျပ် (၉၅၀၀၀)၊ ထောဖြူ(ကျွန်း) တစ်တင်းလျှင် ကျပ် (၇၅၀၀၀)ဖြစ်ခဲ့၍ ဈေးနှုန်းနှိုင်းယှဉ်ပါက ပဲမျိုးစုံနှင့် နှမ်းသီးနှံဈေးနှုန်းများ အနည်းငယ်ကျဆင်းသော်လည်း အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း၊ ရောင်းဝယ်မှုအနေဖြင့် စက်တင်ဘာလ (တတိယပတ်)အတွင်း ပဲတီစိမ်း တစ်တင်းဝင်အိတ် (၁၀၀)၊ နှမ်းဖြူ တစ်တင်းဝင်အိတ် (၅၀)၊ မတ်ပဲ တစ်တင်းဝင်အိတ် (၇၀)၊ ကုလား ပဲ(929) တစ်တင်းဝင်အိတ် (၅၀)၊ ထောဖြူ(ကျွန်း) တစ်တင်းဝင်အိတ် (၅၀) အရောင်းအဝယ်ဖြစ် ကြောင်း ကုန်သည်ပွဲစားများထံမှ သိရှိရပါသည်။
DOCA(မကွေး)
