
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ ဈေးများအတွင်းရောင်းချနေသော အခြေခံစားသောက်ကုန် ဈေးနှုန်းများအနေဖြင့် ၂၀၂၅ စက်တင်ဘာလ၊ စတုတ္တပတ်တွင် ဆန်အမျိုးအစားများအလိုက် ဧရာမင်းတစ်ပြည် လျှင် (၅၄၅၀ မှ ၅၅၀၀) ကျပ်၊ ရွှေဘိုပေါ်ဆန်းတစ်ပြည်လျှင် (၆၇၀၀-၆၈၀၀) ကျပ်၊ မတ်ပဲတစ်တင်း လျှင် (၁၀၀၀၀၀)ကျပ်၊ ပဲတီစိမ်း(ကြီး)တစ်တင်းလျှင် (၁၀၀၀၀၀)ကျပ်၊ ပဲတီစိမ်း (သေး)တစ်တင်း လျှင် (၁၁၅၀၀၀)ကျပ်၊ ပဲစဥ်းငုံတစ်တင်း လျှင် (၇၂၀၀၀)ကျပ် ကုလားပဲဖြူ (လုံးကြီး) တစ်တင်း လျှင် (၇၃၀၀၀)ကျပ်၊ ကုလားပဲဝါ(ထိုင်ဝမ်)တစ်တင်း လျှင် (၇၈၀၀၀)ကျပ်၊ ထောပတ်ပဲ တစ်တင်း လျှင် (၇၅၀၀၀)ကျပ်၊ ပဲပုတ်(ရှမ်း) တစ်တင်း လျှင် (၉၆၇၀၀)ကျပ်၊ ပဲပုတ်(ဗမာ) တစ်တင်း လျှင် (၁၂၃၄၀၀)ကျပ်၊ ပဲကြီးတစ်တင်း လျှင် (၁၃၁၀၀၀)ကျပ်၊ ပဲနီလုံးရိုးရိုး တစ်တင်း လျှင် (၁၂၀၀၀၀)ကျပ်၊ စွန်တာနီ၊ပြာ တစ်တင်း လျှင် (၁၃၅၀၀၀)ကျပ်၊ ပြောင်း (CP)တစ်တင်း လျှင် (၃၂၅၀၀)ကျပ်၊နှမ်းဖြူတစ်တင်း လျှင် (၁၀၀၀၀၀)ကျပ်၊ နှမ်းနက်တစ်တင်း လျှင် (၂၀၀၀၀၀)ကျပ်၊ နှမ်း ညိုတစ်တင်းလျင်(၈၈၀၀၀)ကျပ်၊ နေကြာတစ်တင်း လျှင် (၅၄၀၀၀)ကျပ်၊ မြေပဲလုံးဆံ (နီ) တစ်ပိဿာ လျင်(၉၀၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရပါ သည်။
စားဖိုဆောင်သီးနှံများဖြစ်ကြသော စားသောက်ကုန်ဈေးနှုန်းများတွင် ဆီ(စားအုန်းဆီ) တစ်ပိဿာ (၇၅၅၀) ကျပ်၊ ပဲဆီ တစ်ပိဿာ (၁၄၅၀၀-၁၅၀၀၀) ကျပ် ၊နှမ်းဆီ တစ်ပိဿာ (၁၃၅၀၀-၁၄၀၀၀) ကျပ်၊ ငရုတ်ခြောက်တစ်ပိဿာ(၁၁၀၀၀-၁၂၀၀၀)ကျပ်၊ ကြက်သွန်နီ တစ်ပိဿာ (၁၃၀၀-၁၅၀၀) ကျပ်၊ (ရှမ်း)တစ်ပိဿာ (၇၀၀၀-၇၅၀၀) ကျပ်၊ ကြူကုတ်တစ်ပိဿာ(၁၈၀၀၀-၁၈၅၀၀)ကျပ်၊ နနွင်းတက် တစ်ပိဿာ ၁၇၀၀၀-၁၈၀၀၀ ကျပ်၊ ဂျင်းတစ်ပိဿာ(၃၅၀၀)ကျပ်၊ ရိုးရိုးဆား တစ်ပိဿာ (၂၀၀၀-၂၂၀၀)ကျပ်၊ မန်ကျည်းသီးမှည့် တစ်ပိဿာ (၈၀၀၀-၉၀၀၀) ကျပ်၊ အာလူး တစ်ပိဿာ (၅၅၀၀-၆၀၀၀)ကျပ်၊ ပဲနီလေးတစ်ပြည်လျင် (၁၅၀၀၀) ကျပ်၊ ကုလားပဲဝါတစ်ပိဿာ (၆၅၀၀-၆၈၀၀) ကျပ်တို့ဖြစ်ကြောင်း သိရှိရပါသည်။
ထို့အတူ အသား/ငါးဈေးနှုန်းများမှာလည်း ကြက်တစ်ပိဿာ (၂၁၀၀၀-၂၂၀၀၀) ကျပ်၊ ဝက်သားတစ်ပိဿာ (၃၅၀၀၀-၃၆၀၀၀)ကျပ်၊ ဆိတ်သားတစ်ပိဿာ (၃၉၀၀၀-၄၀၀၀၀) ကျပ်၊ အမဲသားတစ်ပိဿာ (၃၃၀၀၀-၃၄၀၀၀) ကျပ်၊ ငါးမြစ်ချင်းတစ်ပိဿာ (၂၀၀၀၀-၂၂၀၀၀)ကျပ်၊ ငါးကြင်းတစ်ပိဿာ (၁၅၀၀၀) ကျပ်၊ ကြက်ဥ တစ်လုံး(၄၅၀)ကျပ်၊ ဘဲဥတစ်လုံး(၆၀၀)ကျပ်၊ အာဗြဲခြောက် (သေး) တစ်ပိဿာ (၃၅၀၀၀) ကျပ်နှင့် (လတ်)တစ်ပိဿာ(၄၄၀၀၀)ကျပ် တို့ဖြင့် ရောင်းချလျက်ရှိပါသည်။
ဟင်းသီးဟင်းရွက်ဈေးနှုန်းများမှာ ကန်စွန်းရွက် တစ်စီး (၂၀၀) ကျပ်၊ ချဉ်ပေါင်ရွက် တစ်စီး (၂၀၀) ကျပ်၊ ဂေါ်ဖီထုပ် တစ်ထုပ်( ၂၀၀၀) ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာ (၃၀၀၀) ကျပ်၊ ပဲသီးတောင့်ရှည်တစ်စည်းလျင်(၈၀၀)ကျပ်၊ သခွားမွှေးတစ်လုံး (၂၀၀၀)ကျပ်၊ ဖရဲသီး (ကျောက်စိမ်း) တစ်လုံးလျှင်(၁၅၀၀-၅၀၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။
DOCA (စစ်ကိုင်း)
