Main menu

ရမည်းသင်းခရိုင် ဝါသီးနှံစိုက်ပျိုးမှုနှင့်ဈေ;ကွက်အခြေအနေ

Powered by Drupal

          ရမည်းသင်းခရိုင်အတွင်းဝါသီးနှံကို မိုးကြို၊ မိုး၊ မိုးနှောင်းဝါဟူ၍ စိုက်ပျိုးကြရာ စက်တင်ဘာလ တွင် မိုးကြိုဝါရာသီကုန်ပြီး မိုးဝါမှာလည်း အောက်တိုဘာလ တွင်ထွက်ရှိမည်ဖြစ်ကြောင်းသိရသည်။ မိုးကြိုဝါကို မတ်လ၊ ဧပြီလများကစိုက်ပျိုးခဲ့ပြီး ဇူလိုင်၊ ဩဂုတ်လများတွင် ကောက်သိမ်းခဲ့ကြောင်း၊ မိုးကြိုဝါ ဈေးကွက်တွင် တစ်ပိဿာ(၃၅၀၀ မှ ၄၂၀၀)ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ပြီး   ရမည်းသင်း မြို့ပေါ်တွင် ဝါကုန်သည်ကြီးများမှ ဝါကိုကြိတ်၍ မန္တလေးမြို့ရှိ ချည်မျှင်စက်များ၊ စက်မှုဝန်ကြီးဌာန ချည်မျှင်စက်နှင့် တပ်မတော်ချည်မျှင်စက်များသို့ပြန်လည် ပေးသွင်းရောင်းချကြပါသည်။ ယခုနှစ် ဂွမ်းဈေး အနေဖြင့် ပုဂ္ဂလိကစက်များသို့ ရောင်းဈေးမှာ တစ်ပိဿာ(၈၀၀၀မှ၉၅၀၀) ရရှိခဲ့ပြီး စက်မှုဝန်ကြီးဌာနတင်ဒါဈေးအနေဖြင့် တစ်ပိဿာ(၁၁၉၀၀)ကျပ် ဖြင့်ပေးသွင်းရကြောင်းသိရသည်။

     ရမည်းသင်းခရိုင်အတွင်း ဝါသီးနှံကို ယခုနှစ် ၂၀၂၅-၂၀၂၆ခုနှစ်တွင် မိုးကြိုဝါစိုက်ဧက (၃၈၉၉) ဧကစိုက်ပျိုးပြီး တစ်ဧကအထွက်နှုန်း ပိဿာ(၃၀၀)ခန့်ထွက်ရှိကြောင်း၊ မိုးဝါကို ဩဂုတ်လကုန်အထိ (၁၂၇၅)ဧက စိုက်ပျိုးထားရာ အောက်တိုဘာလတွင် စတင်ပေါ်မည်ဖြစ်ကြောင်းသိရသည်။ ယခုနှစ်မိုးများသည့်အတွက် ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက အစိုက်နည်းကာ အထွက်နှုန်း မှာလည်း ကျဆင်းကြောင်းနှင့် ယခင်နှစ်က တစ်ဧက(၄၃၀)ပိဿာကျော်ထွက်ရှိကြောင်း သိရသည်။

DOCA(မန္တလေး)