
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်းရှိ ပခုက္ကူ၊ မြိုင်၊ ပေါက်၊ ရေစကြို၊ ဆိပ်ဖြူ မြို့နယ် များတွင် စပါး၊ ဆီထွက်သီးနှံမျိုးစုံ၊ ကုန်စိမ်းသီးနှံမျိုးစုံနှင့် သစ်သီးဝလံများကို နှစ်စဉ်စိုက်ပျိုးလျက် ရှိသည်။ သီးနှံမျိုးစုံအနက် မတ်ပဲသီးနှံကို စိုက်ပျိုးရာတွင် စိုက်ဧက(၃၀၀၀)ခန့် စိုက်ပျိုးပြီး ရေစကြို မြို့နယ်တွင် အဓိကစိုက်ပျိုးပြီး ပခုက္ကူဈေးကွက်သို့ ဝင်ရောက်အရောင်းအဝယ်ဖြစ်သည့်အပြင် အခြား မြို့နယ်များမှလည်း ဝင်ရောက်ကြောင်း သိရှိရသည်။
၂၀၂၅ခုနှစ်၊ စက်တင်ဘာလ(တတိယပတ်)တွင် မတ်ပဲဈေးနှုန်းမှာ ဈေးကျပြီး အရောင်း အဝယ် ဖြစ်ကြောင်း၊ မတ်ပဲတစ်တင်းလျှင် သီးနှံအရည်အသွေးလိုက်၍ ကျပ်(၇၇၀၀၀)ဈေးရှိပြီး ယခင် စက်တင်ဘာလ (ဒုတိယပတ်)တွင် ကျပ်(၇၀၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့၍ ဈေးနှုန်းနှိုင်းယှဉ်ပါက တစ်ပတ် အတွင်း မတ်ပဲတစ်တင်းလျှင် ကျပ်(၇၀၀၀)ခန့် ဈေးနှုန်းမြင့် တက်လာကြောင်း သိရှိရသည်။ မတ်ပဲ သီးနှံသည် ပြည်တွင်းစားသုံးမှုနည်းသော်လည်း ပြည်ပနိုင်ငံများမှ ဝယ်လိုအားကောင်းသော သီးနှံတစ်မျိုးဖြစ်၍ ဈေးကွက်ခိုင်မာမှုရှိကြောင်း၊ ပြည်ပဈေးကွက်အပေါ်မူတည်၍ ဈေးနှုန်းအနိမ့် အမြင့်ရှိကြောင်း ပဲဈေးကွက်မှ သိရှိရသည်။
DOCA(မကွေး)
