Main menu

မိတ္ထီလာဈေးကွက်အတွင်းဖြစ်ပေါ်နေသောဆီထွက်သီးနှံဈေးနှုန်းဈေးကွက်အခြေအနေ

Powered by Drupal

မိတ္ထီလာမြို့ ဆီထွက်သီးနှံဈေးကွက်တွင် ယခုအချိန်တွင်မိုးမြေပဲ၊ မိုးနှမ်းများအဝင်များပြီး နေကြာမှာဝင်ရောက်မှုမရှိသေးဘဲ ဈေးကွက်လက်ကျန်သာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါသည်။

မြေပဲ

 မိတ္ထီလာဈေးကွက်၌ စက်တင်ဘာလ စတုတ္ထပတ်တွင် မြေပဲအတောင့်တစ်ပိဿာလျှင် (၄၀၀၀-၄၅၀၀)ကျပ်၊ မြေပဲလုံးဆံတစ်ပိဿာလျှင်(၇၅၀၀)ကျပ်၊မြေပဲဆီဆံတစ်ပိဿာလျှင် (၇၃၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်လနှင့်ကာလတူနှိုင်းယှဉ်လျှင် ဈေးနှုန်းတည်ငြိမ်နေပြီး ဒေသတွင်း မိုးမြေပဲစိုက်ပျိုးမှုနည်း၍ ဒေသတွင်းဆီကြိတ်စက်များသို့ရောင်းချကြကြောင်း သိရှိရပါ သည်။

နှမ်း

 မိတ္ထီလာဈေးကွက်၌ စက်တင်ဘာလ စတုတ္ထပတ်တွင် နှမ်းညိုတစ်တင်းလျှင် (၈၅၀၀၀-၈၇၀၀၀)ကျပ်၊ နှမ်းဖြူတစ်တင်းလျှင်(၈၈၀၀၀-၉၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်လနှင့်  ကာလတူနှိုင်းယှဉ်လျှင် ဈေးနှုန်းတည်ငြိမ်နေပြီး ဒေသတွင်းဆီကြိတ်စက်များ အပြင် ရန်ကုန်သို့အိတ်(၃၅၀၀)ခန့်တင်ပိုရောင်းချနိုင်ကြောင်းသိရှိရပါသည်။

နေကြာ

မိတ္ထီလာဈေးကွက်၌ စက်တင်ဘာလ စတုတ္ထပတ်တွင် နေကြာစေ့တစ်ပိဿာလျှင် (၆၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်လနှင့်  ကာလတူနှိုင်းယှဉ်လျှင် နေကြာစေ့ တစ်ပိဿာလျှင် (၂၀၀)ကျပ်ခန့် ဈေးနှုန်းမြင့်တက်လာကြောင်း၊ ယခုအချိန်တွင် မိုးနေကြာ များရိတ်သိမ်းရမည့်ဖြစ်သဖြင့် အောက်တိုဘာလဆန်းပိုင်းတွင်းဈေးကွက်အတွင်းဝင် ရောက်လာ မည်ဖြစ်ကြောင်း၊နေကြာကိုဒေသတွင်းဆီကြိတ်စက်များသာရောင်းချကြကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)